India



အိန္ဒိယကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းနိုင်ဖွယ်ရှိ

အိန္ဒိယကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းနိုင်ဖွယ်ရှိ 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီ အထွက်နည်းခဲ့သဖြင့် ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီ ဈေးနှုန်းများ ၃ လအတွင်း ၂ ဆ မြင့်တက်သဖြင့် အိန္ဒိယ အစိုးရက ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများကို ထိန်းရန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်တားမြစ်ခဲ့သည်။ 

 

ပြည်ပတင်ပို့မှု ပိတ်ပင်ပြီးနောက် ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများ ၂၀% လျော့ကျခဲ့သည်။

လက်ကားဈေး ကီလိုဂရမ် ၁၀၀ လျှင် ရူပီး ၁,၈၇၀ ရှိခဲ့ရာမှ ရူပီး ၁,၅၀၀ သို့ ကျဆင်းခဲ့သည်။

 

ယခုအခါ ကြက်သွန်နီဈေးနှုန်းများသည် ပြည်ပတင်ပို့မှု မပိတ်ပင်ခင်ကထက် ၆၀% ဈေးကျနေပြီ ဖြစ်သည်။ 

ကြက်သွန်နီ အသစ်ပေါ်ချိန် ဖြစ်သဖြင့် ဈေးကွက်ထဲသို့ ကြက်သွန်နီ အသစ်များ တနေ့လျှင် ကီလိုဂရမ် တသိန်းခွဲ ဝန်းကျင် ဝင်‌လျက်ရှိသည်။

သို့ဖြစ်ရာ အိန္ဒိယကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းပေးရန် စီစဉ်နေသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 02 January 2024 17:34
Rate this item
(0 votes)