India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန် တင်ပို့မှု စံချိန်သစ် တင်မည်ဟု ခန့်မှန်း

အိန္ဒိယဆန် တင်ပို့မှု စံချိန်သစ် တင်မည်ဟု ခန့်မှန်း

လက်ရှိဘဏ္ဍာရေးနှစ်(၂၀၂၁-၂၂)၏ ပထမခုနစ်လ ဧပြီလမှ အောက်တိုဘာလအထိ ကာလအတွင်းတွင် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူ ၇ လတွင် တင်ပို့သည်ထက် ၃၃% ပိုများသည်။ ယခင်နှစ်က ဆန် မက်ထရစ်တန် ၈.၉၁ တင်ပို့ခဲ့ပြီး ယခုနှစ်တွင် ဆန် မက်ထရစ်တန် ၁၁.၇၉ တင်ပို့ခဲ့ပါသည်။ သိုဖြစ်ရာ ၂၀၂၁-၂၂ ၏ ဆန်တင်ပို့မှု ပမာဏသည် စံချိန်သစ်တင်လိမ့်မည်ဟု ခန့်မှန်းသည်။

အိန္ဒိယ ဆန်တင်ပို့မှုတွင် ဘာစမာတီလမဟုတ်သောဆန်များကို တီမောလက်စ်တီ၊ ပွာတိုရီကို၊ ဘရာဇီး၊ ပါပူဝါနယူးဂီနီ၊ ဇင်ဘာဘွေ၊ ဘူရွန်ဒီ၊ ဆွာဇီလန်၊ မြန်မာနှင့် နီကာရာဂွာ နိုင်ငံ ၉ နိုင်ငံသို့ တင်ပို့ခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄,၇၉၆ သန်း ရှိသည်။
ဘာစမာတီဆန် အမေရိကန်ဒေါ်လာ ၄,၀၁၈ သန်းဖိုး တင်ပို့ခဲ့သည်။

ဘာစမာတီ ဆန် တန်ချိန်အရ အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံများမှာ ဆော်ဒီအာရေဗျ၊ အီရန်၊ အီရတ်၊ ယီမင်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ကူဝိတ်၊ ယူကေ၊ ကာတာနှင့် အိုမင် တို့ ဖြစ်ပါသည်။

business-standard.com

Read times
Rate this item
(0 votes)