India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

20 4 2023


အာရှ ဆန်အဓိက တင်ပို့သည့် ၃ နိုင်ငံ ဆန်ဈေးမြင့်တက်သည်။
ပြည်တွင်းစျေးနှုန်းတည်ငြိမ်စေရန်အတွက်
အရန်ဆန် သိုလှောင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဝယ်ယူရာ၌ လယ်သမားများအား ပေးမည့်စျေးနှုန်းကို ဈေးနှုန်းမြှင့်တင်ပေးသည်။
ယမန်နှစ်က တစ်ကီလို ၄၀ တာကာ($0.38) ဈေးနှုန်းသတ်မှတ်ခဲ့ပြီး ယခု ၄၄ တာကာ($0.41) သတ်မှတ်သည်။
မေလ ၇ ရက်မှ ဩဂုတ်လ ၂၁ ရက်အထိ ဘင်္ဂလားဒေ့ရှ် အစိုးရက လယ်သမားများထံမှ ဆန်တန်ချိန် ၁.၂ သန်းအထိ ဝယ်ယူမည်။
၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ယခင်အပတ်က ခေါ်ဈေး တစ်တန် $383-$389 ရှိခဲ့ပြီး ယခုအပတ်တွင် $385-$392 သို့ မြင့်တက်သည်။ ရူပီး ‌ကန်ဒေါ်လာလဲနှုန်းတွင် ရူပီး တန်ဖိုးတက်သဖြင့် ပို့ကုန်ဆန် ဈေးတက်သည်။
ဝယ်လိုအား မြင့်တက်လာသည်။ အိန္ဒိယဆန် ဈေးတက်သော်လည်း ဗီယက်နမ်ဆန်၊ ထိုင်းဆန်တို့ထက် ဈေးသက်သာနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ဝယ်လက်များက ဈေးသက်သာသည့် အိန္ဒိယဆန်ကို ဝယ်ကြသည်။
*
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ယခင်သီတင်းပတ်တွင် ခေါ်ဈေး တစ်တန် $460 ရှိပြီး ယခုသီတင်းပတ်တွင် $465-$470 သို့ မြင့်တက်သည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ဗီယက်နမ်ဆန် တန်ချိန် ၁.၈၅ သန်း တင်ပို့ခဲ့သည်။ ဖိလစ်ပိုင်နှင့် တရုတ်တို့က အများဆုံး ဝယ်ယူခဲ့ကြသည်။
*
၅% ဆန်ကွဲပါ ထိုင်းဆန် ယခင်အပတ် ခေါ်ဈေး တစ်တန် $480-$482 ရှိပြီး ယခုအပတ်တွင် $485-$490 သို့ မြင့်တက်သည်။

အင်ဒိုနီးရှား အပါအဝင် ပြည်ပဝယ်လက်များထံမှ အမှာစာများ ပေးပို့ရန် ပို့ကုန်လုပ်ငန်းရှင်များ ပြည်တွင်းမှာ ဆန်အဝယ်သွက်နေကြသည်။
စပါးပေါ်ချိန် လွန်သွားပြီဖြစ်သဖြင့် ပြည်တွင်းမှာ လက်ကျန်နည်းနေသည်။ ဇွန်၊ဇူလိုင်ကျမှ ဆန်သစ် ထပ်ပေါ်မည်။
Source Reuters

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 14 April 2023 09:44
Rate this item
(0 votes)