India



အိန္ဒိယအစိုးရ ဆန်တင်ပို့မှု ပိတ်ပင်ပြီးနောက် နီပေါနယ်ခြား ဆန်မှောင်ခိုများ တောထ

အိန္ဒိယအစိုးရ ဆန်တင်ပို့မှု ပိတ်ပင်ပြီးနောက် နီပေါနယ်ခြား ဆန်မှောင်ခိုများ တောထ

https://t.me/Guid4U
JOIN THE CHANNEL 

 အိန္ဒိယ-နီပေါနယ်စပ်တလျှောက်ရှိ ရွာသူရွာသားများသည် အိန္ဒိယဆန်ကို နီပေါသို့ ဆန်မှောင်ခိုကူးရာတွင် ပါဝင်လုပ်ကိုင်နေကြသည်။

 

အလုပ်လက်မဲ့ လူငယ် အမျိုးသား၊ အမျိုးသမီးများနှင့် တစ်ခါတစ်ရံ သက်လတ်နှင့် သက်ကြီးများပင်လျှင် ဒေသတွင်း မှောင်ခိုသမားများအတွက် ကယ်ရီများအဖြစ် လုပ်ကိုင်ကြသည်။ နယ်စပ်အနီး နီပေါနိုင်ငံဘက်ရှိ ယာယီ ဆန်ထားသိုသည့် နေရာများဆီသို့ နယ်ခြားဖြတ်ကျော်ပြီး အိန္ဒိယဆန်ကို ပို့ပေးကြသည်။

 

ဆန်မှောင်ခို ကုန်ကူးခြင်းကို တိုက်ဖျက်ရန် အဖမ်းအဆီးများ ရှိနေပြီး ပြီးခဲ့သည့် လေးလအတွင်း ဆန် ၁၁၁ ဒသမ ၂ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။

 

 နေ့စဉ် နံနက်မိုးလင်းချိန်တွင် အိန္ဒိယ-နီပေါနယ်စပ်မှ နယ်စပ်ဖြတ်ကျော်ရန် လွယ်ကူသည့်နေရာ ၈၄ ကီလိုမီတာတလျှောက်ရှိ ကျေးရွာများတွင် လှုပ်ရှားမှုများ သိုသိုသိပ်သိပ်ဖြင့် စတင်လာသည်။ အချို့က ဆန်များကို တစ်ဖက်နိုင်ငံသို့ ခိုးထုတ်ရန်အတွက် ထမ်းပိုးပြီး ခြေလျင် သွားသည်။ အချို့က မော်တော်ဆိုင်ကယ် သုံးသည်။

 

တစ်ကီလိုမီတာဝန်းကျင် ဝေးသည့် ခရီးကို သယ်ပို့ပေးသည့် ဆန်ကီလိုဂရမ် ၁၀၀ အတွက် ကယ်ရီခ ရူပီ ၃၀၀ ပေးသည်။ အနည်းဆုံး ၁၀ ကီလိုဂရမ် လေးသော ဆန်အိတ်များကို အခေါက်ခေါက်အခါအခါ သယ်ကြသည်။ 

မနက်၊ မွန်းလွဲနှင့် ညနေတို့တွင် သယ်ကြသည်။ အစစ်အဆေး အဖမ်းအဆီးများသည့် ညဘက်ကို ရှောင်ကြသည်။

 

"နီပေါကုန်သည်တွေက မှောင်ခိုဆန်တွေ လာပို့ရင် ယာယီထားဖို့  နယ်စပ်မှာ ဂိုဒေါင်သေးသေးလေးတွေ ဆောက်ထားတယ်။ ဂိုဒေါင်တွေမှာ စုဆောင်းထားတဲ့ ဆန်တွေကို အပတ်တိုင်း ရှင်းထုတ်ပြီး ပိုကြီးတဲ့ ဂိုဒေါင်ကြီးတစ်ခုဆီ ရွှေ့တယ်" ဟု ဆန်ကယ်ရီသမား Ram Prasad က ပြောကြားသည်။

 

အိန္ဒိယအစိုးရက ပြည်တွင်း ဆန်ဖူလုံရေးနှင့်  လာမည့်ပွဲတော်ရာသီအတွင်း လက်လီဈေးနှုန်းများ ထိန်းထားရန် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ဇူလိုင်လတွင် ပိတ်ပင်ခဲ့ပြီးနောက် နီပေါတွင် ဆန်စျေးနှုန်းများ မြင့်တက်လာခဲ့သည်။

 

“ပြည်ပတင်ပို့မှု ပိတ်ပင်ပြီးနောက် နီပေါမှာ ဆန်ဈေးတွေ တက်သွားတယ်။ အိန္ဒိယမှာ  တစ်ကီလိုဂရမ်ကို ၁၅-၂၀ ရူပီးဖြင့် ရောင်းချတဲ့ ဆန်က နီပေါမှာ တစ်ကီလိုဂရမ် ၇၀ ရူပီး အထိ ဈေးမြင့်နေတယ်" ဟု ဆန်တင်ပို့မှု မပိတ်ပင်ခင်က နီပေါသို့ ဆန်တင်ပို့ခဲ့သည့် ကုန်သည် Suraj Jaiswal က ပြောကြားသည်။

"ကယ်ရီခ ပေးပြီး ပြန်ရောင်းတာမှာ မြတ်နေတော့ မှောင်ခိုကြတယ်" ဟု သူက ပြောသည်။

မှောင်ခိုဆန် ကုန်ကူးကြသဖြင့် ဝယ်လိုအား များလာသောကြောင့် အိန္ဒိယဘက်တွင်လည်း ဆန်ဈေး မြင့်တက်သည်။ 

မှောင်ခို မစတင်ခင် ဇူလိုင်လတွင် ဆန်ကြမ်း တစ်ကီလုိဂရမ်  ၁၅ ရူပီးမှ ၂၀ ရူပီးအထိ ဖြစ်ခဲ့ပြီး ယခုအခါ ရူပီး ၃၀ မှ ၃၅ အထိ ဈေးတက်သွားသည်။

Source economictimes


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 16 October 2023 11:11
Rate this item
(0 votes)