India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် တိုရှည်လေးလုပ်စားရအောင်

အိန္ဒိယစတိုင် တိုရှည်ကို ကြက်ဥလေးနဲ့ပဲစားစား၊ သကြားနဲ့ပဲစားစား၊ ဟင်းအနှစ်နဲ့ပဲစားစား စားလို့အရမ်းကောင်းပါတယ်။ ယခု အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ တိုရှည်လုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဆန်၊ ပဲနောက်၊ ပဲနံ့သာ၊ ကုလားပဲ၊ ဆိုဒါ၊ ဆား တို့ အပ်ပါမယ်။

 

တိုရှည်လေးကတော့ ချက်ချင်းစားလို့မရတဲ့အတွက် မနက်ဖြန် မနက်လုပ်မယ်ဆိုရင် ဒီနေ့မနက်ထဲက ဆန်၊ ပဲနောက်၊ ပဲနံ့သာ ၊ ကုလားပဲတို့ကိုရေစိမ်ထားပါ။ အနည်းဆုံး ၁၀ နာရီ ရေစိမ်ရပါမယ်။

 

ပြီးလျှင် စိမ်ထားတာတွေကို မွှေစက်ဖြင့် မွှေပေးထားပါ။  Blender နဲ့မွှေမယ်ဆိုရင် ဆန်အရင်ဆုံး မွှေလိုက်ပါ။ ပြီးနောက် ရေနည်းနည်းထည့်မွှေမှ ကျေပါမယ်။ ဆန်ကျေရင် ပဲနောက်၊ ပဲနံ့သာ၊ ကုလားပဲ တို့ကိုလည်း ထည့်ကြိတ်ပါ။

 

ကြိတ်လို့ရတဲ့ အရည်တွေကို ဆိုဒါ ထည့်မွှေပြီး ညသိပ်ထားလိုက်ပါ။

 

မနက်ရောက်တဲအချိန်မှာ ကြိတ်ရည်များကို ဆား ထည့်မွှေပါ။


တိုရှည်လုပ်ဖို့အတွက် ဒယ်အိုးကို ဆီလေးဆွတ်ပြီး အပူပေးထားပါ။

 

Read More >>>> သပြေသီး၏ အကျိုးကျေးဇူးများ

 

ပြီးလျှင် ယောက်ချိုဇွန်းနဲ့ခပ်ပြီး အရည်ထည့်ကာ ဇွန်းလေးနဲ့ ဒယ်အိုးထဲတွင် ဝိုင်းပေးထားပါ။  

 

မီးအနေတော်ပြန်ထားပြီး မုန့်ပေါ်ကို ဆီအနည်းငယ်ဖြင့် ဖြန်းပေးပါ။ ဖြေးဖြေးချင်း မုန့်ကျက်လာပါမယ်။


ကြက်ဥနဲ့ စားမယ်ဆိုရင် ကြက်ဥကို ဖောက်ထည့်ပါ။ မုန့်အနေအထား အပျော့အကျွတ်အလိုက် မိမိကြိုက်နှစ်သက်သလို အနေအထားရောက်ပြီဆိုလျှင် မီးဖိုပေါ်က ချပါ။ ပြီးလျှင် မုန့် ပူပူလေးစားလို့ရပါပြီ။


အရေးအကြီးဆုံးကတော့ မုန့်နောက်တစ်ချပ် ပြုလုပ်ခါနီးတိုင်း မီးပိတ်ပြီး ဒယ်အိုးကိုရေဖြန်းကာ အပူလျှော့ရပါမယ်။

 

ဒယ်အိုးပူလွန်းလျှင် မုန့်လုပ်တာမလှဘဲ ကပ်ကုန်ပါမယ်။

 

တိုရှည်နဲ့ တွဲစားရန်ဒိန်ချဉ်အချဉ်အတွက် ပူစီနံ၊ ဒိန်ချဉ်၊ အုန်းနို့၊ ကြက်သားမှုန့်၊ ငရုတ်သီးခြောက်၊ ပျဉ်းတော်သိမ်၊ နံနံစေ့ တို့ လိုအပ်ပါမယ်။

 

နံနံစေ့၊ ငရုတ်သီးခြောက်၊ပျဉ်တော်သိမ် ၂ရွက် ကို ဆီနည်းနည်းနဲ့ အပူပေးကာ ကြော်လိုက်ပါ။ ပြီးရင်ပူစီနံအရွက် အနည်းငယ်ထောင်း ပြီး ဒိန်ချဉ်၊ အုန်းနို့ ၊ ကြက်သားမှုန့်တို့နဲ့ရော မွှေထားလိုက်ပါ။


တိုရှည်နဲ့ တွဲစားရန်ကုလားအာလူးဟင်းအတွက် အာလူး၊ ခရမ်းချဉ်သီး၊ အရောင်တင်မှုန့်၊ မဆလာ၊ ကြက်သားမှုန့်၊ ငရုတ်သီးခြောက်၊ ပျဉ်းတော်သိမ်၊ နံနံစေ့၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ လိုအပ်ပါမယ်။


ကြက်သွန်နီ၊ ကြက်သွန်နီကို နံနံစေ့၊ ငရုတ်သီးခြောက်၊ ပျဉ်းတော်သိမ်၊ ကြက်သားမှုန့်ထည့်ပြီ့း ဆီသတ်ပါ။ ပြီးလို့ ကျက်ရင်တော့ လှီးထားတဲ့ ခရမ်းချဉ်သီးထည့်ကာ အနှစ်ချက်ပြီးရင် အာလူးအတုံးလေးများထည့်ပြီး ရေထည့်လိုက်ပါ။ နောက်ဆုံးမှ မဆလာကို ဟင်းအရည်ထဲသို့ ထည့်လိုက်ပါ။  ပြီးရင်တော့ ပူပူလေးနဲ့ အရမ်းစားကောင်းတဲ့ အိန္ဒိစတိုင် တိုရှည်လေးကို ရပါပြီ။

 

 

Read times Last modified on Saturday, 11 May 2019 11:27
Rate this item
(2 votes)