India



အိန္ဒိယ ဆန်တင်ပို့မှု တားမြစ်ချက် ၂၀၂၄ ခုနှစ်အထိ ကြာမြင့်နိုင်

 အိန္ဒိယ ဆန်တင်ပို့မှု တားမြစ်ချက် ၂၀၂၄ ခုနှစ်အထိ ကြာမြင့်နိုင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့မှုများ ကန့်သတ်ပိတ်ပင်ထားရာ၌ လာမည့်နှစ်အထိ ဆက်လက်ကြာမြင့်နိုင်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ဆန်ဈေးနှုန်းများ အမြင့်မ‌ှာ ဆက်ရှိနေဦးမည်။

 

အိန္ဒိယတွင် ဆန် အလျှံပယ်ပိုလျှံခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် အိန္ဒိယသည် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နေခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ဈေးကွက်ထဲသို့ တင်ပို့သည့် ဆန်တန်ချိန် စုစုပေါင်း၏ ၄၀% ကို အိန္ဒိယ တင်ပို့ခဲ့သည်။ ဘီနင်နှင့် ဆီနီဂေါတို့ကဲ့သို့ အာဖရိကနိုင်ငံများသည် အိန္ဒိယဆန် ထိပ်တန်းဝယ်ယူသူများထဲတွင် ပါဝင်ပါသည်။

ဝန်ကြီးချုပ်  နရင်ဒရာ မိုဒီသည် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရရန်အတွက် ကြိုးပမ်းမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်မတက်အောင် ထိန်းထားနိုင်မှ ရွေးကောက်ပွဲတွင် အခြေအနေ ကောင်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ အိန္ဒိယဆန် ပြည်ပတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခြင်းဖြင့် ပြည်တွင်းဆန်ဈေးမတက်အောင် စီမံသည်။ အိန္ဒိယစားသုံးသူများကို ကာကွယ်ပေးထားသည်။

“ပြည်တွင်း ဆန်ဈေး တက်နေသရွေ့တော့ ကန့်သတ်ချက်တွေက ဆက်ရှိနေဦးမှာပဲ”ဟု Nomura Holdings Inc မှ အိန္ဒိယနှင့် အာရှဆိုင်ရာ ဂျပန်စီးပွားရေးပညာရှင် အကြီးအကဲ Sonal Varma က ပြောကြားသည်။

 “ရွေးကောက်ပွဲပြီးသွားရင်တောင် ပြည်တွင်းဆန်ဈေးတွေ မတည်ငြိမ်ရင် ဒီအစီအမံတွေကို သက်တမ်းတိုးဖို့ အလားအလာရှိတယ်” ဟု သူက ပြောသည်။

 အိန္ဒိယအစိုးရက ဆန်ကွဲ ပြည်ပတင်ပို့ခြင်းကို ပိတ်ပင်ထားသည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူ အမျိုးမျိုး ပြည်ပတင်ပို့ခြင်းကိုလည်း ပိတ်ပင်ထားသည်။ ဘာစမာတီဆန် တင်ပို့ခြင်းတွင် အနည်းဆုံးပို့ကုန်ဈေးန‌ှုန်းကို ဈေးအမြင့် သတ်မ‌ှတ် ပြဋ္ဌာန်းထားသည်။ ပေါင်းဆန် တင်ပို့ခြင်းအပေါ် ပိူ့ကုန်ခွန် ၂၀% စည်းကြပ်သည်။

 

သို့ဖြစ်ရာ ကမ္ဘာ့ဆန်ဈေး မြင့်တက်သည်။ ဆန်တင်သွင်းသည့် နိုင်ငံများတွင် ဈေးအမြင့်ဖြင့် မဝယ်နိုင်သည့် နိုင်ငံများသည် ဆန်အဝယ်ရပ်ထားခြင်း၊ လျှော့ဝယ်ခြင်းများ ပြုကြရသည်။ ဆန်တင်သွင်းသည့် နိုင်ငံများတွင် ပြည်တွင်းဆန်ဈေး မြင့်တက်သည်။

Source Bloomberg 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 20 November 2023 00:30
Rate this item
(0 votes)