India



အိန္ဒိယအစိုးရ ဆန်ကွဲ နှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှု နှစ်နိုင်ငံ ခွင့်ပြု

အိန္ဒိယအစိုးရ ဆန်ကွဲ နှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှု နှစ်နိုင်ငံ ခွင့်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဆန်ကွဲ တင်ပို့မှုနှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှု ပိတ်ပင်ထားသော အိန္ဒိယအစိုးရသည် တန်ဇန်းနီးယားသို့ ဘာစမာတီ မဟုတ်သော ဆန်ဖြူတန်ချိန် ၃၀,၀၀၀ တင်ပို့ရန် ခွင့်ပြုသည်။

ဂျီဘူတီသို့ ဆန်ကွဲ တန်ချိန် ၃၀,၀၀၀ ၊ ဂီနီ ဘစ်ဆောသို့ ဆန်ကွဲ တန်ချိန် ၅၀,၀၀၀ တင်ပို့ရန် ခွင့်ပြုသည်။

 

အဆိုပါနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ခွင့်ပြုခြင်း ဖြစ်သည်။

 

အဆိုပါ ဆန်ကွဲနှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူတို့ကို National Cooperative Exports Limited (NCEL) မှတစ်ဆင့် တင်ပို့ရမည် ဖြစ်သည်။

 

ပြည်တွင်း ဆန်ဖူလုံမှု မြှင့်တင်ရန်အတွက် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက ပိတ်ပင်ထားသော်လည်း အချို့သောနိုင်ငံများထံသို့ ၎င်းနိုင်ငံတို့၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အစိုးရမှ  ခွဲတမ်းသတ်မှတ်ချက်ဖြင့် တင်ပို့ရန် ခွင့်ပြုထားသည်။

 

တန်ဇန်းနီးယားသည် အရှေ့အာဖရိကမှ နိုင်ငံဖြစ်သည်။

ဂျီဘူတီသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။

ဂီနီ ဘစ်ဆောသည် အနောက်အာဖရိကရှိ အပူပိုင်းနိုင်ငံတစ်ခု ဖြစ်သည်။

 

အိန္ဒိယသည် ယခင်က  နီပေါ၊ ကင်မရွန်း၊ ကို့ဒီဗိုရီ၊ ဂီနီ၊ မလေးရှား၊ ဖိလစ်ပိုင်၊ နှင့် ဆေးရှဲလ် စသည့် နိုင်ငံများသို့လည်း ဆန်တင်ပို့ရန် ခွဲတမ်း ခွင့်ပြုခဲ့ပါသည်။

 

Source economictimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 07 March 2024 13:49
Rate this item
(0 votes)