India

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာ ဟော့ပေါ့ပြုလုပ်နည်း

မာလာဟော့ပေါ့ကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း မိသားစု စုံစုံလင်လင်နဲ့ အ၀စားလို့အောင် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှို၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးမှုန့်၊ ကြက်သား/၀က်သား/အမဲသား၊ ပဲငပိအရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ နှမ်းဆီမွှေးဆော့စ်၊ ပုစွန်၊ ကြက်အူချောင်း၊ ငါးဖယ်လုံး၊ ပြောင်းဖူး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ပန်းဂေါ်ဖီ၊ မုန်ညှင်း တို့ လိုအပ်ပါမယ်။

 

 

အရင်ဆုံး ထည့်စားရမယ့် အစားအစာဖြစ်တဲ့ ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့ကို နာရီဝက် တစ်နာရီလောက် ရေစိမ်ထားပါ။

 

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ဆီသတ်ပါ။

 

 

ပြီးနောက် ကိုယ်စားချင်တဲ့ ကြက်သား၊ ဝက်သား၊ အမဲသား တစ်မျိုးမျိုးကိုပြုတ်လိုက်ပါ။

 


အရိုးပါထည့်ပြုတ်ရင်ဟင်းရည်ပိုချိုပါတယ်။

 


ပြီးရင် အရသာလေးလေးပင်ပင်ဖြစ်အောင် ဟင်းရည်ထဲကို ပဲငပိအရည် မွှေပြီးတော့ ဖျော်ထည့်ပါ။

 

 

ပြီးနောက် ဆား ၊ ဟင်းခတ်မှုန့်တို့ပါ အနေတော်ထည့်ပါ။ ပြီးလျှင် နှမ်းဆီမွှေးဆော့ပါထည့်ရင် ပိုမွှေးပါတယ်။

 


အဲဒီလို ဟင်းရည်တည်ထားတုန်းမှာ ကိုယ်ထည့်ပြုတ်စားချင်တဲ့ အသား၊ ပုဇွန်၊ ကြက်အူချောင်း၊ ငါးဖယ်လုံးနှင့် ပြောင်းဖူးတို့ ဟင်းသီး ဟင်းရွက်တွေကို ရေဆေးပြီး အဆင်သင့်ပြင်ဆင်ထားပါ။

 

 

ဟင်းရည်က ပွက်ပွက်ဆူလာပြီး ဟင်းအနှစ်တွေလဲ အနယ်ထိုင်လာပြီဆိုရင်တော့ အရင်ဆုံး ရေစိမ်ထားတဲ့ ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့နဲ့စားချင်တဲ့အသားတို့၊ ပုဇွန်တို့ကို ဟင်းရည်အိုးထဲ ထည့်ပြုတ်လို့ရပါပြီ။

 

 

ပြီးနောက် အကျက်နည်းနည်းကြာတဲ့ မှို၊ ပြောင်းဖူး၊ အသားလုံး၊ ကြက်အူချောင်းတို့ပါ ထည့်ပြုတ်ပြီး မီးကိုအေးအေးထား၍ နောက်ဆုံး စားခါနီးမှ ကြက်ဥဖောက်ထည့်ပါ။

 


ပန်းဂေါ်ဖီနဲ့ မုံညှင်းကို နောက်ဆုံးမှထည့်လိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ မာလာဟော့ပေါ့ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>> ထိုင်းစတိုင်လ် ၀က်နံရိုးပျားရည်ကြော်

 

Read times Last modified on Tuesday, 18 September 2018 11:39
Rate this item
(2 votes)