Korea

×

Warning

JUser: :_load: Unable to load user with ID: 540


Hotpot အလွယ်​ ချက်​နည်း

ပိတ်ရက်တွင် သူငယ်ချင်းများနဲ့ဖြစ်ဖြစ်၊ မိသားစုဆုံတုန်းလေးပဲဖြစ်ဖြစ် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဟော့ပေါ့ လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်ရိုး (သို့) ကြက်ရိုး၊ ဆား၊ ကြက်​သားမှုန့်၊ ကြက်​သွန်​ဖြူ၊ ချင်း၊ ကြာဆံ (သို့) ခေါက်ဆွဲ၊ အသားငါးများနှင့် အသီးအရွက်များ၊ ယိုးဒယားတုန်ယမ်းအနှစ်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ သံပရာရည်၊ နံနံပင်တို့ လိုအပ်ပါမယ်။

 

ဟင်းရည်​ချက်​နည်း

 

ပထမဦးဆုံး ၀က်ရိုး (သို့) ကြက်ရိုးကို ရေဆေးသန့်စင်ပြီး ​ရေသန့်​ထည့် ဆူ​အောင်​တည်​၍ ပြုတ်​ထားပါ။

 

ပြီးလျှင် အရသာအဖြစ်​ ဆား၊ ကြက်​သားမှုန့်၊ ကြက်​သွန်​ဖြူ၊ ချင်း၊ စသည်​တို့ထည့်​ပြီး ဝက်​ရိုးနူးသည်​ထိပြုတ်​ထားပါ။

 

ရရှိလာ​သောအချိုရည်​ထဲသို့ မိမိနှစ်​သက်​ရာ ကြာဇံ (သို့) ခေါက်ဆွဲ အပါအ၀င် အသားငါးများနှင့်​ အသီးအရွက်​များထည့်​လိုက်ပါ။


ပြီးပြီဆိုရင်တော့ မိမိတို့ စိတ်ကြိုက် တည်ခင်း သုံး​ဆောင်​နိုင်​ပါတယ်​။ ချဉ်​စပ်​အရသာကြိုက်​ပါက ယိုးဒယား တုန်​ယမ်းအနှစ်​ကိုထည့်​ပြီး ချက်​စားလို့ရပါတယ်။

 

အချဉ်​ရည်​လုပ်​နည်း

 

ကြက်​သွန်​ဖြူ၊ ငရုပ်​သီးစိမ်း တို့ကို​ရောကြိတ်​ပြီး သကြား၊ ငံပြာရည်​၊ သံပရာရည်​တို့ဖြင့်​​ရော​ဖျော်​ပြီး နံနံပင်​အနည်းငယ်​ညှပ်​ထည့်​ကာ သုံး​ဆောင်​နိုင်​ပါတယ်။

Read times
Rate this item
(1 Vote)