Myanmar
ဝါတွင်းကာလ သက်သတ်လွတ်စားသူများအတွက် မာလာဟင်း
ဝါတွင်းကာလမှာ သက်သက်လွတ်စားသုံးချင်သူတွေအတွက် သက်သတ်လွတ် မာလာဟင်းချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ မုန်ညှင်း၊ ကန်စွန်းရွက်၊ မုန်လာဥနီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်အနီ၊ ငရုတ်သီးအဖတ်၊ မြေပဲ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီတို့ လိုအပ်ပါမယ်။
ပထမဆုံး ချင်း နဲ့ ကြက်သွန်ဖြူကို အခွံခွာပြီး ပါးပါးလှီးထားပါ။
ဟင်းသီးဟင်းရွက်များကိုလည်း စားလို့ရမယ့် အနေအထားလောက် လှီးပြီး ရေဆေးထားပါ။
ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ထားပါ။ ဆီပူလာလျှင် ပါးပါးလှီးထားသော ချင်းနဲ့ကြက်သွန်ဖြူ ထည့်ပြီး ဆီသတ်ထားပါ။
ပြီးနောက် ဟင်းသီးဟင်းရွက်များကို ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ဒယ်အိုးကို အဖုံးဖုံးထားပါ။
ဟင်းသီးဟင်းရွက်များ အနည်းငယ်နွမ်းလာလျှင် ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီး မွှေပေးပါ။
ငရုတ်သီးတောင့်ကို အနည်းငယ်ညှပ်ထည့်ပါ။ ငရုတ်သီး အဖတ်ကိုလည်း အနည်းငယ်ထည့်လိုက်ပါ။ ပြီးလျှင် မြေပဲ ထည့်လိုက်ပါ။
ပြီးနောက် သမသွားအောင် အမယ်အားလုံးကို ရောမွှေပါ။ ရေခမ်ူသွားလျှင် သက်သတ်လွတ် မာလာဟင်းကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ကော်ဖီနဲ့ နို့ ကျောက်ကျောပြုလုပ်နည်း