Japan
ဂျပန်တို့ဟူးချဉ်စပ်ဟင်း
ဟော့ပေါ့ထဲတွင် ထည့်စားလေ့ရှိတဲ့ ဂျပန်တို့ဟူးကို ချဉ်စပ်ဟင်းလေးချက်လိုက်ရင်တော့ဖြင့် ထမင်းစားမြိန်စေမှာဖြစ်ပါတယ်။
အောက်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ဂျပန်တို့ဖူးချဉ်စပ်ဟင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂျပန်တို့ဟူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆီ၊ ငရုတ်အနှစ်၊ ဆား၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ကော်မှုန့်၊ ကြက်သွန်မြိတ် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂျပန်တို့ဟူးကို အနေတော်အကွင်းလေးများလှီး၍ ကော်မှုန့်ကပ်ပြီး ကြွပ်နေအောင် ကြော်ထားပါ။
ပြီးလျှင် ဆီစစ်ထားပါ။ ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို နုပ်နုပ်စဉ်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပေးပါ။
ပြီးနောက် ငရုတ်သီးအနှစ်ထည့်လိုက်ပါ။ ငရုတ်သီးကို နုပ်နုပ်စဉ်းပြီး ထည့်လိုက်ပါ။
ပြီးနောက် ခရမ်းချဉ်သီးကို နုပ်နုပ်စဉ်းပြီးထည့်လိုက်ပါ။ ပြီးလျှင် ဟင်းခတ်များထည့်ပြီး ပုစွန်ခြောက်ထည့်လိုက်ပါ။
ရေကိုလိုအပ်သလောက်ပဲထည့်ပါ။ ပြီးလျှင် အရသာအပေါ့အငန်မြည်းကြည့်ပြီး အနေတော်ဆိုလျှင် ဂျပန်တို့ဟူးကို ထည့်လိုက်ပါ။
ပြီးနောက် နုပ်နုပ်စင်းထားတဲ့ နံနံပင်နှင့် ကြက်သွန်မြိတ်တို့ကို အပေါ်မှ ထည့်လိုက်ပါ။
အားလုံးပြီးပြီဆိုလျှင်တော့ အရသာရှိတဲ့ ဂျပန်တို့ဖူး ချဉ်စပ်ဟင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။