Japan



တောင်ကိုရီးယားနိုင်ငံ ဂျပန်ဘီယာ အများဆုံး တင်သွင်း

တောင်ကိုရီးယားနိုင်ငံ ဂျပန်ဘီယာ အများဆုံး တင်သွင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်သည် ၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားသို့ ဘီယာ ထိပ်တန်းတင်ပို့သူအဖြစ် ငါးနှစ်တာအတွင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့သည်။

 

တောင်ကိုရီးယား အကောက်ခွန်ဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ဘီယာတင်သွင်းမှုသည် အခြားနိုင်ငံများ၏ အမှတ်တံဆိပ်အားလုံးထက် ကျော်လွန်နေသည်။ တောင်ကိုရီးယားသည် ဂျပန်ဘီယာ ကန်ဒေါ်လာ ၅၅.၅ သန်းဖိုး တင်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၄ဆနီးပါးသို့ မြင့်တက်ခဲ့သည်။ 

 

၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားသို့ ဂျပန်ဘီယာတင်သွင်းမှု အများဆုံး ဖြစ်ခဲ့ဖူးသည်။ 

၂၀၁၉ ခုနှစ်တွင် တောင်ကိုရီးယားမှာ ဂျပန်ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ပေါ်ပေါက်ခဲ့ပြ္း ဂျပန်ထုတ်ကုန်များကို သပိတ်မှောက်ခဲ့ကြရာ ဂျပန်ဘီယာ တင်သွင်းမှု ထိုးကျသွားသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်ဘီယာများကို အများဆုံး တင်သွင်းခဲ့သည်။

ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပြီး ဂျပန်ဘီယာ တင်သွင်းမှု ပြန်လည် မြင့်တက်သွားသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘီယာထုတ်လုပ်သူ Tsingtao Brewery ၏ ဘီယာစက်ရုံတွင် လှောင်ကန်ထဲသို့

ဝန်ထမ်းတစ်ဦး ဆီးသွားနေသည့် ဗီဒီယို တရုတ်လူမှုကွန်ရက် Weibo တွင် ပျံ့နှံ့ခဲ့သည်။

၎င်းဗီဒီယိုကြောင့်  တောင်ကိုရ္းယားတွင် တရုတ်ဘီယာ သောက်သုံးမှု သိသိသာသာ လျော့ကျသွားခဲ့ရာ ဘီယာတင်သွင်းသည့် အများဆုံးစာရင်းတွင် ၂၀၂၂ ခုနှစ်မှာ ထိပ်ဆုံး ဖြစ်ခဲ့သော တရုတ်ဘီယာများ  ၂၀၂၃ ခုနှစ်တွင် တတိယနေရာသို့ လျှောကျသွားခဲ့ပါသည်။

 

 

Source Yonhap


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 19 January 2024 18:40
Rate this item
(0 votes)