Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဟောင်ကောင်စပျစ်ဈေးကွက် Shine Muscat ၃ နိုင်ငံ ယှဉ်ပြိုင်ရောင်းချ

ဟောင်ကောင်စပျစ်ဈေးကွက် Shine Muscat ၃ နိုင်ငံ ယှဉ်ပြိုင်ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဂျပန်စပျစ်သီး Shine Muscat သည် ဟောင်ကောင်တွင် ရေပန်းစားသည်။ ဈေးကြီးသော်လည်းအသီးအနှံကို ဈေးနှုန်းကြီးမြင့်သော်လည်း အထူးအချိန်အခါများတွင် စားသုံးကြသည်။  တလေးတစား အလေးထားကြောင်း ပြသရန် Shine Muscat ကို လက်ဆောင်ပေးကြသည်။

ဟောင်ကောင် စပျစ်သီးဈေးကွက်တွင် Shine Muscat သည် ထိပ်ဆုံးမှာ နေရာယူထားသည်။ သို့သော် ယခုအခါ တောင်ကိုရီးယားနှင့် တရုတ်တို့မှ စပျစ်စိုက်ပျိုးသူများကလည်း အရည်အသွေး မြင့်မားသည့် စပျစ်သီးများကို  ဟောင်ကောင်စပျစ်သီးဈေးကွက်ထဲ ပေးပို့ရောင်းချကြသည်။ ဈေးနှုန်းက Shine Muscat ထက် သက်သာသည်။ 

 

Shine_Muscat_4.png

.

ဟောင်ကောင်မှ ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး အသက် ၂၉ နှစ်ရှိသူ Fiona Mok သည် ယခင်က Shine Muscat ကို အထူးအချိန်အခါများတွင်သာ စားသုံးသည်။ မိတ်ဆွေသူငယ်ချင်းအိမ်သို့ သွားရောက်စားသောက်သည့်အခါ လက်ဆောင်အဖြစ် ပေးရန် Shine Muscat ယူသွားလေ့ရှိသည်။ ယခု သူမက Shine Muscat ကို နေ့တိုင်းစားသည့် စပျစ်သီးတစ်မျိုးအဖြစ်ဖြင့်သာ သဘောထားသည်။ 

"ကျွန်မ ချစ်သူက ဟောင်ကောင်ဒေါ်လာ ၄၀၀ ($51) လောက်တန်တဲ့ ဂျပန် Shine Muscat စပျစ်သီးတွေကို လက်ဆောင်ပေးပါတယ်။ ဒါပေမဲ့ ကျွန်မအဖို့ တရုတ်စပျစ်သီးတွေနဲ့ အရသာက အတူတူပဲ" ဟု သူမက ပြောပြသည်။ "အဲဒါက ကျွန်မ အပေါ်မှာပဲ မူတည်တာပါ။ ကျွန်မအနေဖြင့် ဈေးသက်သာတဲ့ စပျစ်သီးတွေကိုပဲ ရွေးမယ်" ဟု သူမက ပြောကြားသည်။ 

ဈေးနှုန်းကို ထည့်စဉ်းစားသူအဖို့ Shine Muscat စပျစ်သီးက ဈေးကြီးသည့်အတွက် ဝယ်ဖို့ လက်တွန့်မိမည်။ စပျစ်တစ်ခိုင်အတွက် ပေးရမည့် ငွေမှာ  ဟောင်ကောင်ဒေါ်လာ ၁၀၀ မှ ၅၀၀ ကြားတွင် ရှိနေသည်။ ကိုရီးယား စပျစ်သီးအမျိုးမျိုးတို့က ဟောင်ကောင်ဒေါ်လာ ၃၀၀ ထက် မပိုချေ။ ဈေးပိုသက်သာသော တရုတ် Shine Muscat စပျစ်သီးသည် ဟောင်ကောင်ဒေါ်လာ ၅၀ မှ ၁၀၀ ကြားသာ ပေးရသည်။ ပိုတန်သည်။ 

ထို့ကြောင့်လည်း တရုတ် Shine Muscat စပျစ်သီးများသည် လတ်တလောနှစ်များအတွင်း ပြိုင်ဘက်များကို အနိုင်ရလာသည်။ 

.

Shine_Muscat_3556.png

 

Korea Agro-Fisheries & Food Trade Corporation အဆိုအရ ဟောင်ကောင်တွင် စပျစ်သီးစားသုံးသည့် ပမာဏသည် ၂၀၁၇ မှ ၂၀၂၀ အထိ ကာလအတွင်း တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့သည်။ သို့သော် ၂၀၂၁ တွင် ပြန်လျော့ကျသွားခဲ့သည်။ ဟောင်ကောင်သို့ တင်သွင်းသည့် စပျစ်သီးပမာဏသည် ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၂၄၀,၇၉၈ ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၁၉၂,၀၁၁ တန်သို့ ကျဆင်းသွားခဲ့သည်။

သို့သော် တောင်ကိုးရီးယားနှင့် တရုတ်နိုင်ငံတို့မှ Shine Muscat စပျစ်သီးများကို ဟောင်ကောင်သို့ တင်သွင်းမှုမှာ ကြီးထွားလာခဲ့သည်။

ဟောင်ကောင်သည် ၂၀၂၀ ခုနှစ်တွင် ကိုရီးယားမှ Shine Muscat စပျစ်သီး ၄၂၁ တန်၊ ဟောင်ကောင်ဒေါ်လာ ၄၉.၉ သန်းဖိုး တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၅၆၇ တန်၊ ဟောင်ကောင်ဒေါ်လာ ၆၉.၈ သန်းဖိုး တင်သွင်းခဲ့သည်။

တရုတ်နိုင်ငံမှလည်း ၂၀၂၁ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ ၉ ဒသမ ၅ သန်းတန်ဖိုးရှိ Shine Muscat စပျစ်သီး ၆၅၆ တန် တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိ စပျစ်သီး ၈၉၆  တန် တင်သွင်းခဲ့သည်။

မူပိုင်ခွင့်အရ တရုတ်နိုင်ငံသည် Shine Muscat စပျစ်သီးကို ပြည်ပသို့ တင်ပို့ခွင့် ရယူထားခြင်း မရှိချေ။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်ထဲမှာသာ ရောင်းချနိုင်သည်။ သို့သော် ဟောင်ကောင်သည် တရုတ်နိုင်ငံ နယ်နိမိတ်ထဲမှာ အကျုံးဝင်သဖြင့် Shine Muscat ကို ပြည်တွင်းဈေးကွက်ဟု သတ်မှတ်သဖြင့် တရုတ်နိုင်ငံသည် Shine Muscat စပျစ်သီးကို ဟောင်ကောင်သို့ တင်ပို့ရောင်းချနိုင်ခြင်း ဖြစ်သည်။

 

အရသာကွဲပြား

 

ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့သည် Shine Muscat စပျစ်သီး မျိုးအတူတူကို စိုက်ကြခြင်းြဖစ်သော် စပျစ်သီး အရသာ ကွာခြားသည်။ 

၎င်းသုံးနိုင်ငံစလုံးမှ Shine Muscat စပျစ်သီးများကို တင်သွင်းသည့် Top Weal ၏ စီအီးအို  Kenneth Lee က ကိုရီးယားနှင့် ဂျပန်တို့သည် အရသာတူပြီး တရုတ်ထက် ပိုချိုသည်ဟု ပြောကြားခဲ့သည်။

အနံ့အတွက် ကိုရီးယား Shine Muscat စပျစ်သီးက ပိုကောင်းသည်၊  "အရောင်အဆင်းနှင့် ကြွပ်ဆတ်တာအတွက် ဂျပန်ပရီမီယံတွေက အကောင်းဆုံးပါပဲ" ဟု ၎င်းက ပြောသည်။ Okayama မှ စပျစ်သီးသည် အကောင်းဆုံးဟု သူက ဆိုသည်။

ကိုရီးယားစပျစ်သီးသည်  ပရီမီယံနှင့် ပုံမှန် ကြားတွင် ရှိကြောင်း ၎င်းက ပြောကြားသည်။

တရုတ် Shine Muscat စပျစ်သီးများသည် အခွံပိုထူသည်။ အနံ့သိပ်မရ။ ချိုချိုချဉ်ချဉ်အရသာဟု သူက ပြောပြသည်။

 

 Shine_Muscat_27789.png

 

ဈေးကွက်တွင် နေရာယူပုံ

 

ဟောင်ကောင်စပျစ်ဈေးကွက်ထဲတွင် တရုတ် Shine Muscat သည် ဈေးချိုသည့် အတန်းအစားတွင် ရှိနေပြီး ရောင်းအားပိုကောင်းနေသည်။

ဂျပန် Shine Muscat က ယခင်ကတည်းက ရှိထားသည့် ဖြန့်ချိရေးကွန်ယက်ဖြင့် ဈေးကွက်တွင် အထက်တန်းစားအဖြစ် နေရာယူသည်။ နဂိုကတည်းက လူသိများပြီးသားဖြစ်ပြီး အမာခံဖောက်သည်များ ရထားသည်။

ကိုရီးယား Shine Muscat က အလယ်အလတ်တန်းတွင် နေရာယူထားသည်။

 

Shine_Muscat_17789.png

 

 

.

Shine Muscat စပျစ်သီးကို နိုင်ငံရပ်ခြားတွင် ရောင်းချခွင့်သည် ဂျပန်နိုင်ငံမှ အပြည့်အဝ ပိုင်ဆိုင်သည်ဟု ယူဆကြသည်။

Shine Muscat သည် ၁၉၈၈ ခုနှစ်တွင် ဂျပန်အမျိုးသား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ သုတေသနအဖွဲ့ Japanese National Agriculture and Food Research Organization မှ တီထွင်ထုတ်လုပ်ထားသော စပျစ်အမျိုးအစားဖြစ်သည်။ စပျစ်မျိုးတစ်ခုအဖြစ် ဂျပန်မှာ ၂၀၀၆ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည်။

သို့သော် ပင်လယ်ရပ်ခြားဈေးကွက်တွင် WTO Agreement on Trade-Related Aspects of Intellectual Property Rights (Trips) အရ တစ်ဦးတည်းမူပိုင် ရောင်းချခွင့်ကို အချိန်မီ မှတ်ပုံတင်ခြင်း မပြုခဲ့ချေ။ ၎င်းမူပိုင်ခွင့် သက်တမ်းသည် ပြည်တွင်းမှာ မျိုးကို မှတ်ပုံတင်ပြီးနောက် Trips တွင် မူပိုင်ခွင့် လျှောက်ထားရယူထားခြင်း မရှိခဲ့လျှင် ၆ နှစ်ပြည့်သည့်အခါ အလိုအလျောက် ပျက်ပြယ်သည်။ မူပိုင်ရှင်မဲ့ မျိုးအဖြစ်သို့ ရောက်ရှိသည်။

ထိုစဉ်ကာလအတွင်းမှာ တောင်ကိုရီးယားက ၎င်းစိုက်ပျိုးသည့် Shine Muscat စပျစ်မျိုးကို မှတ်ပုံတင် လျှောက်ထားရယူခဲ့သည်။ သို့ဖြစ်ရာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခွင့် ရှိသည်။ ဂျပန်မူပိုင်ရှင်ကို ခိုင်ကြေးပေးရန် မလိုအပ်ချေ။

Source koreatimes

Read times Last modified on Thursday, 17 November 2022 20:11
Rate this item
(0 votes)