Japan
တစ်လုံး ဒေါ်လာ ၂၃၀ ဆောင်းသရက်သီး စိုက်ပျိုးပုံ
တစ်လုံး ဒေါ်လာ ၂၃၀ ဆောင်းသရက်သီး စိုက်ပျိုးပုံ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျပန်နိုင်ငံမှ ခြံသမားတစ်ဦးသည် သဘာဝမှ ရသည့်အရာများဖြင့် သရက်ပင်ကို လှည့်စားပြီး ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီးများ ဆွတ်ခူး ရောင်းချနိုင်ခဲ့ပါသည်။
.
ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းပေါ်မှာ ဖန်လုံအိမ်ဖြင့် သရက်ပင်များကို စိုက်ပျိုးထားပါသည်။ ခြံသမား Hiroyuki Nakagawa သည် သရက်ပင်မှ ရင့်မှည့်သော အသီးများကို ခူးဆွတ်ပြီး ထုတ်ပိုးကာ မှာကြားထားသူများထံ တင်ပို့ပါသည်။ ဖန်လုံအိမ်ထဲ နွေးနေသော်လည်း အပြင်တွင် ရေခဲနေအောင် အေးနေပါသည်။ အအေးချိန် -8C ဖြစ်နေသည့် ဒီဇင်ဘာ ဆောင်းကာလတွင် ဖန်လုံအိမ်ထဲ အပူချိန်မှာ 36C ဖြစ်အောင် ထိန်းကျောင်းပေးထားပါသည်။
.
Nakagawa သည် ၂၀၁၁ ခုနှစ်မှာ သရက်ပင်များ စတင်စိုက်ပျိုးခဲ့ပါသည်။ သရက်သီးမှည့် တစ်လုံးလျှင် $230 ဖြင့် သူရောင်းချပါသည်။
သူက စိတ်ကူးတစ်ခုကို စမ်းသပ်ကြည့်ခဲ့ရာမှ အောင်မြင်မှု ရရှိခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဆောင်းသရက်သီးများကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါသည်။
.
အသက် ၆၂ နှစ် ရှိသူ Nakagawa က "စစချင်းမှာ ဘယ်သူကမှ ကျွန်တော် လုပ်နေတာကို အလေးအနက် မထားကြဘူး" ဟု ပြောကြားသည်။
"ဟိုကိုင်းဒိုးမှာ သဘာဝထဲမှာ သဘာဝကျကျ နည်းလမ်းဖြင့် တစ်စုံတစ်ခုကို ကျွန်တော် ဖန်တီးချင်ခဲ့ပါတယ်" ဟု သူက ပြောကြားသည်။
.
Nakagawa သည် ရေနံထွက်ပစ္စည်းလုပ်ငန်းကို နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ရာမှ သရက်စိုက်ပျိုးရေးကို ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။
သရက်ခြံသမား တစ်ဦး၏ လမ်းညွှန်မှုကို ခံယူပြီး သရက်စိုက်ပျိုးခဲ့သည်။ ထိုသူက ဆောင်းသရက် စိုက်ပျိုးနိုင်ပုံကို ပြောပြခဲ့သည်။
Nakagawa က Noraworks Japan အမည်ဖြင့် လုပ်ငန်းသစ် ထူထောင်သည်။ သူ၏ သရက်သီးကုန်အမှတ်တံဆိပ် "Hakugin no Taiyo" ကို မှတ်ပုံတင်သည်။ "နှင်းထဲမှ နွေ" ဟု အဓိပ္ပာယ်ရသည့်အမည် ဖြစ်သည်။
Hokkaido မှ နှင်းခဲများနှင့် ရေပူစမ်းမှ ရေပူပူတို့ကို သူက အသုံးချသည်။ ဆောင်းကာလတွင် နှင်းခဲများကို သူစုဆောင်းသည်။ နွေရာသီတွင် သရက်ခင်းရှိသည့် ဖန်လုံအိမ်အဆောက်အဦ်ကို နှင်းများဖြင့် အေးအောင် ပြုပေးထားသည်။ ဆောင်းရာသီတွင် ရေပူစမ်းမှ ရေနွေးဖြင့် ဖန်လုံအိမ်အဆောက်အဦ်ကို နွေးအောင် ပြုပေးထားသည်။
သရက်ပင်များသည် အေးနေသော နွေရာသီတွင် အသီးမသီးကြချေ။ နွေးနေသော ဆောင်းရာသီတွင် အသီးသီးကြသည်။
ဆောင်းသရက်သီး အလုံးရေ ၅,၀၀၀ ဝန်းကျင် ထွက်သည်။
ဆောင်းကာလ အေးခဲနေသဖြင့် အင်းဆက်ပိုးမွှား အလွန်နည်းပါးနေသဖြင့် အသီးများ ပိုးမကိုက်အောင် ဆေးဖြန်းဖို့ မလိုအပ်ပေ။
ဆောင်းရာသီတွင် သူရင်းငှားတို့ အလုပ်နားချိန် ဖြစ်သဖြင့် အလုပ်သမား ရဖို့ လွယ်ကူသည်။ အလုပ်သမား မလုံလောက်သော ကျေးလက်ဒေသ၏ အလုပ်သမား မရသည့် ပြဿနာမှ ကင်းဝေးသည်။
Source Bloomberg
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U