Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်စတိုင် ရေညှိ ကြက်သား၊ ပုစွန်ပေါင်း

ဂျပန်စတိုင် ဒင်ဆမ်းတစ်မျိုးဖြစ်တဲ့ ရေညှိကြက်သားပေါင်းကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ရေညှိရွက်၊ ကြက်သား၊ ပုစွန်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားနဲ့ ပုစွန်ကို ရေဆေးသန့်စင်ပြီး ကြိတ်စက်နဲ့ကြိတ်ထားပါ။  ပြီးလျှင် မုန်လာဥနီကိုလည်း ကြိတ်စက်နဲ့ ကြိတ်ထားပါ။

 

ပြီးနောက် ကြက်သား၊ ပုစွန်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့် တို့ဖြင့် သမအောင် ရောနယ်ထားပါ။

 

ပြီးနောက် ဝါးယင်းလိပ်ပြားပေါ်တွင် ရေညှိရွက်တစ်ရွက်ကို ခင်းလိုက်ပါ။

 

ပြီးလျှင် နယ်ထားသော ကြက်သားတစ်ဝက်ကို ရေညှိရွက်ပေါ်တွင် ခင်းပြီး လိပ်လိုက်ပါ။

 

ရေညှိရွက်အဆုံးကို ရေအနည်းငယ်စွတ်ပြီး ဆက်လှိမ့်ပါ။

 

ပြီးရင်တော့ ဓားဖြင့် ကြိုက်နှစ်သက်သလို  ပိုင်းလိုက်ပါ။

 

Read More >>>>>>>  မာလာအာလူးနဲ့ ကြက်သားဟင်း

 

ပြီးလျှင် ပေါင်းအိုးဖြင့် ဆယ်မိနစ်ခန့် ပေါင်းလိုက်ပါ။

 

နောက်ဆုံးတွင်တော့ ဂျပန်စတိုင် ရေညှိ ကြက်သား၊ ပုစွန်ပေါင်းကို အိမ်တွင် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 26 January 2019 11:52
Rate this item
(2 votes)