Japan



ဂျပန်မှ Tropicana "၁၀၀% ဖရဲ" ဖျော်ရည် ဖရဲ ၂% သာ ပါသဖြင့် ယန်း ၁၉ သန်း ဒဏ်ရိုက်

ဂျပန်မှ  Tropicana  "၁၀၀% ဖရဲ" ဖျော်ရည် ဖရဲ  ၂% သာ ပါသဖြင့်  ယန်း ၁၉ သန်း ဒဏ်ရိုက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်နိုင်ငံမှ နာမည်ကြီး ဖျော်ရည်အမှတ်တံဆိပ် Tropicana ကို လှည့်စားပြီး စျေးကွက်ချဲ့ထွင်မှုဖြင့် ဂျပန်နိုင်ငံတွင် ဒဏ်ငွေရိုက်ခဲ့ပါသည်။

 

ဈေးကွက်မြှင့်တင်ရေး ကြော်ငြာတွင် "Tropicana 100% Whole Fruit Melon Taste" “Tropicana ၁၀၀% အပြည့် ဖရဲသီး အရသာ" ဟု ဖော်ပြထားခြင်းသည် ၁၀၀% အပြည့် ဖရဲသီး ပါသည်ဟု ယူဆစရာ ဖြစ်နေစေသည်။

 ဖျော်ရည်ဘူးများတွင်“100% MELON TASTE” "၁၀၀%  ဖရဲ အရသာ" ဟု ဖော်ပြထားသည်မှာလည်း အလားတူပင် ထင်ယောင်ထင်မှား ဖြစ်နေစေသည်။

၎င်းဖျော်ရည်ကို ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးသည့်အခါ ဖရဲသီး ၂% မျှသာ ပါဝင်ကြောင်း တွေ့ရသည်။ 

ကျန်သည့် ၉၈ ရာခိုင်နှုန်းကို ပန်းသီး၊ စပျစ်သီး၊ ငှက်ပျောသီးဖျော်ရည်တို့ဖြင့် ရောစပ်ထားပါသည်။

ဘူးပေါ်မှ သရုပ်ဖော်ပုံကို သေသေချာချာ ကြည့်မှသာ ပန်းသီး၊ စပျစ်ခိုင်၊ ငှက်ပျောသီးတို့ ဖော်ပြထားသည်ကို သတိပြုမိမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ Consumer Affairs Agency စားသုံးသူရေးရာဌာနက Tropicana ၏ ဂျပန်လိုင်စင်ရ Kirin Beverage ကို သတိပေးထားပြီးဖြစ်သည်။ 

ဌာန၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး ဒီဇိုင်းအသစ် စာသားအသစ် သုံးစွဲခဲ့ပါသည်။ 100% MELON TASTE” အစား “100% Fruit JUICE” ဖြင့် အစားထိုးခဲ့ပါသည်။

ဒီဇိုင်းအသစ်တွင် ပန်းသီးနှင့် စပျစ်သီးများကို ပိုမို မြင်သာပါသည်။

စားသုံးသူရေးရာဌာနက Kirin ကို ၂၀၂၃ ဇန်နဝါရီလ ၁၈ ရက်တွင် စီရင်ဆုံးဖြတ်ခဲ့ရာ၌ ဒဏ်ငွေ ယန်း ၁၈,၁၅၀,၀၀၀ (ကန်ဒေါ်လာ ၁၄၈,၀၀၀) ပေးဆောင်စေခဲ့ပါသည်။

၂၀၂၀ ဇွန်လမှ ၂၀၂၂ ဧပြီလအထိ ကာလအတွင်း ယခင်ဒီဇိုင်းအဟောင်း ဘူးဖြင့် ၎င်းဖျော်ရည် ရောင်းအားအပေါ် အခြေခံပြီး တွက်ချက်ထားသော ဝင်ငွေ ဖြစ်ပါသည်။ 

ရာခိုင်နှုန်းအားဖြင့် ရောင်းအားဝင်ငွေ၏ ၃% ဖြစ်ပါသည်။ 

Source: Mainichi Shimbun

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 21 January 2023 20:12
Rate this item
(0 votes)