Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းထုပ် ပုစ္ဆာ ဖြေပြပေးတဲ့ 7-Eleven

တိုကျိုမြို့ဟာ စားကောင်းသောက်ဖွယ်နဲ့ ပတ်သက်ရင် ထိပ်တန်းမြို့တော်တွေထဲမှာ ပါဝင်တယ်။

ဂျပန်အစားအစာကောင်းကောင်းတွေ စားဖို့ စူရှီကနေ ခေါက်ဆွဲအထိ ရှိတယ်။

တိုကျိုအိုလံပစ်ပွဲတော် ကျင်းပနေချိန်မှာ ဂျပန်နိုင်ငံရဲ့ ၂၄ နာရီပတ်လည် ဖွင့်တဲ့ စတိုးဆိုင်တွေ ဖွင့်လှစ်ထားတယ်။ အများစုက ဟိုတယ်နဲ့ တွဲပေးထားတယ်။ အဲဒီစတိုးဆိုင်တွေမှာ စားစရာ သောက်စရာ အမျိုးမျိုး ရောင်းချပေးတယ်။
ဂျပန်နိုင်ငံရဲ့ ၂၄ နာရီပတ်လည် စတိုးဆိုင်လုပ်ငန်း 7-Eleven မှ ဖွင့်ထားတဲ့ စတိုးဆိုင်တစ်ဆိုင်က နာမည်ကြီး သွားတယ်။
အိုလံပစ် အားကစားပွဲတော်ကို တက်ရောက်တဲ့ ကနေဒါမှ သတင်းမီဒီယာ CBC network မှ သတင်းထောက် အမျိုးသမီး Anastasia Bucsis က တွစ်တာမှာ အကူအညီ တောင်းခံလိုက်တာကို 7-Eleven က Twitter မှာ ကူညီပေးခဲ့တယ်။

ဖြစ်ပုံက ဒီလိုပါ။
သတင်းထောက် အမျိုးသမီးက ဂျပန် ထမင်းထုပ် အထုပ် onigiri ကို နည်းမှန်လမ်းမှန်ဖြင့် ဖွင့်တတ်ချင်တယ်။ သင်ပေးမယ့်သူ ရှိရင် သင်ပေးဖို့ အကူအညီတောင်းခံခဲ့တယ်။
အထုပ်အပြင်ဘက်မှ အကြည်သားကို ဖယ်ရှားတဲ့အခါ ထမင်းထုပ်ထားတဲ့ ပင်လယ်ရေမှော်ကို မထိခိုက်အောင် onigiri ကို ဘယ်လို အထုပ်ဖြေရမလဲ။ သူလုပ်တာ မအောင်မြင်ပုံကို ဗီဒီယို ရိုက်ပြီး တင်လိုက်တာ like က 82.2k ဖြစ်သွားတယ်။ အာတီ retweeted က 34.6k ရှိတယ်။ အဲဒါ ဇူလိုင်လ ၂၇ ရက်မှာ ဖြစ်ပါတယ်။

 


.
တုံ့ပြန်မှု ပေးတဲ့အနေဖြင့် 7-Eleven Japan က အထုပ်ကို ဘယ်လို ဖြေရမလဲဆိုတာ တွစ်တာမှာ တင်ပြပေးတယ်။ ဆရာမပြ နည်းမကျ ဖြစ်နေတာကို နည်းမှန်လမ်းမှန် ဘယ်လိုလဲဆိုတာ ပြသပေးတယ်။

“ပင်လယ်ရပ်ခြားမှ ဂျပန်ကို အလည်ရောက်နေတဲ့ စားသုံးသူတွေအတွက် ထမင်းထုပ်ရဲ့ ထုပ်ပိုးဖလင်သားအကြည်ကို ဘယ်လို ဖွင့်ရသလဲဆိုတာ ကျွန်တော်တို့ ဒီနေ့ မိတ်ဆက်ပေးပါရစေ”
ဆိုပြီး တွစ်တာမှာ တင်ပြပေးတယ်။

 

 

အိုလံပစ်အားကစားပွဲ ရောက်ရှိနေတဲ့ နိုင်ငံခြားသားများ အကြားမှာ 7-Eleven က အခုလို တလေးတစား ဂရုတစိုက်ဖြင့် သင်ပြပေးတာကို သဘောကျနှစ်ခြိုက်ကြတယ်။ လူမှုကွန်ရက်တွေမှာ တင်ပြကြတယ်။ သူတို့ကိုယ်တိုင်လည်း သူတို့ တည်းနေတဲ့ ဟိုတယ်မှာ တွဲလျက် ဖွင့်ထားတဲ့ 7-Eleven ဆိုင်ကို သွားဝယ်ကြရင်း ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ပြီး လူမှုကွန်ရက်မှာ 7-Eleven ဆိုင်ကို တင်ပြကြတယ်။

Read times
Rate this item
(0 votes)