Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်စတိုင်လ် ကြက်သွန်ဖြူ ထမင်းကြော်

ဂျပန်စတိုင်လ် ကြက်သွန်ဖြူ ထမင်းကြော်လေးကို အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့အတွက်ကြောင့် အိမ်မှာ လုပ်စားကြရအောင်။

 

ပါဝင်ပစ္စည်းတွေကတော့ ထမင်း၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြဲ၊ သကြား၊ ဂျပန်ဟင်းခတ်အရည်၊ ခရုဆီ၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ထမင်းကြော် အရသာအရည်အသွေး ကောင်းစေမယ့် ဆော့စ်လေး အရင်ပြင်ပါမယ်။ ဆော့စ်ထဲမှာတော့ ပဲငံပြာရည်အကြဲ ၊ သကြား၊ ဂျပန်ဟင်းခတ်အရည်၊ ခရုဆီ၊ ငံပြာရည်၊ ဆီတို့ကို ရောစပ်ထားပါမယ်။

 

ပြီးနောက် ဒယ်အိုးထဲကို ဆီထည့်လိုက်ပါ။ ဆီဆူပါက ကြက်သွန်ဖြူ လှီးထားတာလေးတွေကို ထည့်ပြီးတော့ ကြက်သွန်ဖြူ ဆီသတ်ပါ။

 

ပြီးလျှင် ပန်းကန်လုံးတစ်ခုထဲကို ဆယ်ထားပေးလိုက်ပါ။ နောက်ထပ် ဆီ အနည်းငယ်ထည့်ပြီးတော့ ကြက်ဥခေါက်ထားတာလေးတွေကို ထည့်ကြော်ပေးပါ။

 

ပြီးနောက် ကြက်ဥလေးတွေရပြီဆိုရင်တော့ ဘေးမှာ ခဏထားလိုက်ပြီး ထမင်းကြော်ဖို့အတွက်  ဆီအနည်းငယ်ကို ထပ်ထည့်လိုက်ပါ။

 

Read More >>>>>  ထိုင်းအစားအစာကို ကိုယ်တိုင်အိမ်မှာ ချက်ချင်သူများအတွက်

 

ပြီးရင် ထမင်းထည့်ပြီး ငရုတ်ကောင်းမှုန့်နဲ့ ဆားပါ အချိုးအဆအတိုင်းထည့်ပေးပါ။ နောက်ပြီး ကြက်သွန်ဖြူကြော်ထားတာလေးတွေထဲက တစ်ဝက်ကိုပါ ထည့်ပေးလိုက်ပါ။

 

ပြီးရင်တော့ အကုန်ရောပြီး မိနစ်အနည်းငယ်အချိန်ပေးပြီး ကြော်ပေးလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ပြင်ဆင်ထားတဲ့ ဆော့စ်ကို ထမင်းထဲမှာ ရောထည့်ပြီး ကြော်ပေးပါ။

 

ပြီးနောက် ကျက်ခါနီးပြီဆိုရင်တော့ ကျန်တဲ့ကြက်သွန်ဖြူကြော်ထားတာလေးတွေကိုပါ ရောကြော်ပြီးသွားရင်တော့ ဂျပန်စတိုင်လ် ကြက်သွန်ဖြူ ထမင်းကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 28 May 2019 17:18
Rate this item
(1 Vote)