Japan

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၁ မှာ စံချိန်တင်ရောင်းကောင်းခဲ့တဲ့ ဂျပန်ဂျင်အရက်

၂၀၂၁ မှာ စံချိန်တင်ရောင်းကောင်းခဲ့တဲ့ ဂျပန်ဂျင်အရက်

လတ်တလောနှစ်များအတွင်း ဂျပန်မှာ ထုတ်လုပ်တဲ့ ဂျင်၊ အထူးသဖြင့် အိမ်တွင်းဖြစ် ဂျင်ကို ပြည်ပဈေးကွက်များမှာ နှစ်သက်ကြတယ်။ အရသာ ကွာတဲ့အတွက် ကြိုက်ကြတယ်။ ၂၀၂၁ မှာ ပြည်ပသို့ တင်ပို့ရောင်းချခဲ့တာ စံချိန်တင်ခဲ့ပါတယ်။

အိုဆာကာ အကောက်ခွန်မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၂၁ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကာလအတွင်း ဂျင် ၃,၇၁၄ ကီလိုဂရမ် ပြည်ပသို့ တင်ပို့ခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ယန်း ၂.၅၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၂ သန်း)ဖိုး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်ဆယ်နှစ် ၂၀၂၁ မှာ ယန်း ၁ သန်းဖိုးမျှသာ တင်ပို့ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ယန်း ၂.၂၈ ဘီလျံ တင်ပို့တဲ့အထိ မြင့်တက်နေပြီး ၂၀၂၁ ပထမ ၁၀လမှာ စံချိန်သစ် ထပ်တင်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၁ ပထမ ၁၀လ ဂျပန်ဂျင် ပြည်ပတင်ပို့မှုမှာ တန်ဖိုးအရ ဉရောပနဲ့ မြောက်အမေရိကသို့ တင်ပို့မှုက ၆၀% ရှိပါတယ်။ အမေရိကန်သို့ ၂၉.၃% ၊ နယ်သာလန်သို့ ၁၃.၃% ၊ ပြင်သစ်သို့ ၁၁% တင်ပို့ခဲ့ပါတယ်။

Read 8176 times
Rate this item
(0 votes)