Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်စတိုင်လ် ဂျပန်တို့ဖူးဝက်သားပဲငပိကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း

ကိုယ်တိုင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ဂျပန်တို့ဖူးဝက်သားပဲငါးပိကြော်လည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ဂျပန်တို့ဖူး၊ ပဲငပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်၊ မုန်လာဥနီ၊ ကော်မှုန့်၊ ဆီ၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ခရုဆီ၊ ပြောင်းကော်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဒယ်အိုထဲဆီထည့် ဆီပူလာလျှင် အရင်ဆုံးပိုင်းထားတဲ့ တို့ဖူးကို ပြောင်းကော်မှုန့်ကပ်၍ အနည်းငယ် ကြွပ်သည်အထိကြော်ပေးထားပါ။

 

ကြွပ်ရင် ဆယ်ထားပြီး ပိုနေတဲ့ဆီကို တောက်တောက်စင်းထားတဲ့ ၀က်သားကို ထည့်ကြော်ပေးပါ။ ၀က်သားများ တင်းသွားရင် ကြက်သွန်ဖြူထည့်ကြော်လိုက်ပါ။

 

မွှေးလာရင်တော့ ပဲငပိ၊ မုန်လာဥနီ ထည့် ရေအနည်းငယ်ထည့်လိုက်ပါ။ ပြီးရင် အရသာအတွက် သကြား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ ခရုဆီထည့်လိုက်ပါ။

 

ရေပွက်ပွက်ဆူရင် ကြော်ထားတဲ့ တို့ဖူးတွေကိုထည့်ပြီး ဆက်တည်ပေးပါ။

 

အရသာမြည်းကြည့်ပြီး အတော်ပဲဆိုရင် ရေခမ်းသည်အထိ ဆက်တည်ပေးပါ။ ချခါနီးရင် ကော်ရည်ထည့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မိတ်တို့ ကို အပေါ်ယံဖြူးပြီးရင်တော့ ဂျပန်စတိုင်လ် ဂျပန်တို့ဖူးဝက်သားပဲငပိကြော်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:22
Rate this item
(2 votes)