Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်အစိမ်းသုပ်နည်း

ပုစွန်ကို စားဖွယ်အမျိုးမျိုး ချက်ပြုတ်ဖန်တီးစားသောက်ရာ၌

ပုစွန်အစိမ်းသုပ်၍လည်း စားသုံးနိုင်ပါတယ်။

ပုစွန်က နူးညံ့ပြီး အမြန်ကျက်လွယ်သော အသားမျိုးဖြစ်သည့်အပြင် ငါးကဲ့သို့ အညှီနံ့များ မရှိသောကြောင့် အစိမ်းသုပ်စားနိုင်ခြင်းဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပုစွန်အလတ် ၃၀ သား၊ သံပရာသီးအလုံးကြီးကြီး ၃ လုံး၊ ဆီ ၁၀ သား၊ ကြက်သွန်နီ ၆ လုံး၊ ကြက်သွန်ဖြူ ၃ လုံး၊ ငံပြာရည်အနည်းငယ်၊ ရှောက်ရွက်အနည်းငယ်နှင့် ဆားအနည်းငယ်တို့ လိုအပ်ပါတယ်။

ပုစွန်လတ်လတ်ဆတ်ဆတ်ကို ခေါင်းဖြတ်၊ အမြီးဖြုတ်၊ အခွံအားလုံးချွတ်ပြီး အသားများကို ဓားဖြင့် နုပ်နုပ်စင်းပါ။

စင်းထားပြီးသော ပုစွန်အသားများကို ဆားသင့်ရုံထည့်ပြီး နယ်ထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံနွှာပြီး ပါးပါးလှီးထားပါ။ ပြီးလျှင် ရှောက်ရွက်များကို ပါးပါးလှီးထားပါ။

၎င်းနောက် ဆားနယ်ပြီး စင်းထားပြီးသား ပုစွန်အသားများကို ပန်းကန်လုံးကြီးကြီးတွင်ထည့်ပြီး သံပရာသီးထက်ခြမ်းခွဲ၊ အစေ့ထုတ်ပြီး အရည်ညှစ်ပေးပါ။ သံပရာရည် ခပ်ရွှဲရွှဲကို ပုစွန်အသားတွင်း စိမ့်ဝင်စေရန် နှံ့အောင်နယ်ပေးပါ။

ပြီးလျှင် နာရီဝက်ခန့် ဖိပြီးသိပ်ထားပါ။ ပုစွန်အသားများ သံပရာရည်၏ အချဉ်ဓာတ်ကြောင့် တဖြေးဖြေးနှင့် နူးပြီး ကျက်လာပါလိမ့်မယ်။

ထို့နောက် ပုစွန်အသားပေါ်တွင် ဆီနှင့် ငံပြာရည်ကို ဆမ်းလိုက်ပါ။ ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်များအပေါ်မှအုပ်၍ ပုစွန်အစိမ်းသုပ်ကို အသင့်စားနိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:50
Rate this item
(3 votes)