Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်နိုင်ငံရဲ့ သစ်သီးဝလံများ ဈေးနှုန်းမြင့်တက်လျက်ရှိ

ဂျပန်နိုင်ငံရဲ့ သစ်သီးဝလံများ ဈေးနှုန်းမြင့်တက်လျက်ရှိ Google

၂၀၂၀ပြည့်နှစ်ရဲ့ ပထမခြောက်လတာ ကာလမှာ ဂျပန်နိုင်ငံတွင် သစ်သီးဈေးနှုန်းသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ပြီး ဖောက်သည်တွေရဲ့ သစ်သီး စားသုံးမှုနှုန်းက ကျဆင်းသွားခဲ့ပါတယ်။

 

၆လအတွင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနရဲ့ အချက်အလက်များအရ ၂၀၂၀၊ ဇွန်လ ၃၀ ရက်အထိ ဂျပန်နိုင်ငံရှိ အိမ်ထောင်စုတစ်စုရဲ့ ပျမ်းမျှအသီးစျေးနှုန်းက တစ်ကီလိုဂရမ်ကို ¥၅၁၈ (အမေရိကန်ဒေါ်လာ ၄.၈၆ )ရှိပါတယ်။

 

၂၀၁၁ ခုနှစ်တုန်းက ဒီလိုချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက သစ်သီးပျမ်းမျှစျေးနှုန်းက တစ်ကီလိုဂရမ်ကို ¥၄၆၃ (အမေရိကန်ဒေါ်လာ ၄.၃၄) ပဲရှိပါတယ်။

 

၎င်း စျေးနှုန်းတွေကြောင့် စားသုံးသူ ဖောက်သည်တွေရဲ့ စားသုံးမှုက အသီးသီး ကျဆင်းသွားတာဖြစ်သည်။

 

၂၀၂၀ပြည့်နှစ်ရဲ့ ပထမနှစ်ဝက်မှာ အိမ်ထောင်စုတစ်စုလျှင် သစ်သီးစားသုံးမှုက ၃၁.၅၂ ကီလိုဂရမ်သို့ ကျဆင်းသွားတာကြောင့် ၂၀၁၁ခုနှစ်တုန်းက ကျဆင်းမှုက ဒုတိယကျဆင်းမှု တစ်ခုဖြစ်သွားပြီး ဆယ်နှစ်တာကာလအတွင်း စားသုံးမှုက ၅.၅ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

 

ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးတိုးတက်မှုတစ်ခုအဖြစ် ဂျပန်ရှိ အိမ်ထောင်စုတစ်စုလျှင် သစ်သီးဝလံ အသုံးစရိတ်သည် ¥ ၁၆,၃၄၁ (အမေရိကန်ဒေါ်လာ ၁၅၃.၃၁) အထိမြင့်တက်ခဲ့ပြီး ပျမ်းမျှ ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

 

၂၀၂၀ ဇန်နဝါရီလမှ ဇွန်လအထိကို ငှက်ပျောစားသုံးမှုက အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။ ၎င်းမြင့်တက်မှုက ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် စားသုံးမှုက ၉.၈၈ ကီလိုဂရမ်ရှိပါသည်။

 

Kiwifruitသုံးစွဲမှုက တစ်နှစ်လျှင် ၁.၂၃၃ ကီလိုဂရမ်နှင့် နှစ်တစ်နှစ်ရဲ့ ပထမခြောက်လအတွင်း အများဆုံး သုံးစွဲမှုဖြစ်ခဲ့ပြီး စံချိန်ချိုးနိုင်ခဲ့သည်။

 

"စားသုံးသူတွေက ကျန်းမာရေးအပေါ် အာရုံစူးစိုက်မှုပိုလာပါက အဆိုပါ သစ်သီးတွေရဲ့ ဝယ်လိုအားကို မြင့်တက်လာစေနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ စားသုံးသူတွေက ငှက်ပျောသီးနဲ့ သစ်သီး၀လံတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအဖြစ်မှတ်ယူပြီး ပမာဏ များများစားသုံးသင့်တယ်"လို့ ဂျပန်နိုင်ငံရဲ့ အဓိက လက်ကားရောင်းသူဖြစ်တဲ့အပြင် တင်သွင်းသူဖြစ်တဲ့ Tokyo Seikaက Jack Moriyaက ပြောကြားခဲ့ပါသည်။

 

Written By Omega

 

Ref:FruitNet

Read times
Rate this item
(0 votes)