Japan

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နှင့် မြန်မာမှ ထွက်ခွာတဲ့ Kirin က အမေရိကန်နှင့် ဩစတေးလျမှာ လုပ်ငန်းချဲ့ထွင်

တရုတ်နှင့် မြန်မာမှ ထွက်ခွာတဲ့ Kirin က အမေရိကန်နှင့် ဩစတေးလျမှာ လုပ်ငန်းချဲ့ထွင်


ဂျပန်နိုင်ငံမှ အဖျော်ယမကာ မဟာလုပ်ငန်းကြီး Kirin Holdings က ဗဟာဗျူဟာ ပြောင်းလဲလိုက်ပြီး အာရှမှ နုတ်ထွက်ကာ အမြတ်ပိုရမယ့် ခရပ်ဖ်ဘီယာ လုပ်ငန်းများကို အမေရိကန်နှင့် ဩစတေးလျတို့မှာ စူးစိုက်လုပ်ကိုင်ပါတယ်။

Kirin က တရုတ်နှင့် မြန်မာတိုတွင် လုပ်ကိုင်လျက် ရှိသည့် ဖက်စပ်လုပ်ငန်းများမှ ထွက်ခွာကြောင်း ၃ ရက်သာခြားပြီး ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံမှ China Resources Kirin Beverages ရဲ့ ပိုင်ဆိုင်မှုများကို ရောင်းချမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တန်ဖိုးပမာဏ ယန်း ၁၁၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၉၅ သန်း) သတ်မှတ်ထားပါတယ်။ မူလစတင်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပမာစ ယန်း ၃၃ ဘီလျံထက် များစွာ ပိုများပါတယ်။

Kirin မှ အမှုဆောင်အရာရှိတစ်ဦးက " ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေဖြင့် အင်မတန် အောင်မြင်ပါတယ်" လို့ မှတ်ချက်ပြုပါတယ်။

 

water.jpg.jpg


China Resources နှင့် Kirin တို့က ၄၀-၆၀ အချိုးအစားဖြင့် ဖက်စပ်လုပ်ငန်းကို ၂၀၁၁ မှာ ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်တဲ့ C’estbon အမှတ်တံဆိပ်ရေသန့်ဘူး ရောင်းအားကောင်းပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်။ အခြားထုတ်ကုန် ဖြစ်တဲ့ Kirin ရဲ့ ရေနွေးကြမ်းဘူး အမှတ်တံဆိပ် Gogo-no-Kocha က ထင်ထားသလို မပေါက်ခဲ့ဘူး။
တရုတ်ပြည်တွင်း အဖျော်ယမကာ ဈေးကွက်မှာ ထုတ်လုပ်သူတွေ ပြည့်နှက်နေပြီး အမှတ်တံဆိပ်အသစ်တစ်ခု နေရာရဖို့ ခဲယဉ်းနေပါတယ်။ China Resources Kirin Beverages က ပြည်တွင်းမှ သောက်စရာ အရည်နှင့် ရေသန့် ထုတ်လုပ်သူများကို ယှဉ်ပြိုင်ရတဲ့အပြင် အမေရိကန်လုပ်ငန်းရဲ့ Coca-Cola ၊ တိုင်ဝမ်လုပ်ငန်းရဲ့ Master Kong တို့ကိုလည်း ယှဉ်ပြိုင်ရပါတယ်။

အပြိုင်အဆိုင်တွေ ရှိနေလို့ ရောင်းဈေးကိုလည်း လျှော့ချထားရတာကြောင့် အမြတ်မာဂျင် နည်းပါးပါတယ်။

Kirin က ဖက်စပ်လုပ်ငန်း အမြတ်ပြနေတုန်းမှာ ရောင်းထုတ်ပစ်ပြီး ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Kirin က ၂၀၁၅ ခုနှစ်မှာ Myanmar Brewery ကို ထိန်းချုပ်နိုင်စေမယ့် အစုရှယ်ယာများကို ဝယ်ယူခဲ့ပါတယ်။ ၂ နှစ်ကြာပြီးချိန်မှာ နောက်ထပ် ဖက်စပ်လုပ်န်း Mandalay Brewery ကိုလည်း ထူထောင်လုပ်ကိုင်ခဲ့ပါတယ်။

ထိုစဉ်တုန်းက မြန်မာစီးပွားရေးက လန်းဆန်းနေပြီး လျင်လျင်မြန်မြန် ကြီးထွားလာနေပါတယ်။ ဘီယာသောက်သုံးမှုလည်း ရေပန်းစားပြီး သောက်သုံးတဲ့ပမာဏ မြင့်မားပါတယ်။ မြန်မာဘီယာဈေးကွက်မှာ Myanmar Brewery က ဈေးကွက်ဝေစု ၈၀% ရရှိထားပြီး ဈေးကွက်ကို ကြီးစိုးထားပါတယ်။

ငွေဝင်လမ်းဖြောင့်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်သော်လည်း ဆက်လက်လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေအရပ်ရပ်ကြောင့် Kirin က မလွဲမရှောင်သာ ထွက်ခွာခဲ့တာ တွေ့ကြရပါတယ်။
ဖက်စပ်လုပ်ငန်း အဆုံးသတ်တာ ၂၀၂၂ ဇွန်လမှာ အပြီးသတ် ဆောင်ရွက်ပြီးစီးဖို့ မျှော်မှန်းထားပါတယ်။

Kirin က craft beer နှင့် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်လုပ်ငန်းများအနက် အမေရိကန်နှင့် ဩစတေးလျတို့မှ လုပ်ငန်းများကို ချဲ့ထွင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဩစတေးလျမှ craft beer ထုတ်လုပ်ရေး ကုမ္ပဏီ Fermentum Group ကို ယန်း ၄၀ ဘီလျံဖြင့် ဝယ်ယူခဲ့ပါတယ်။ နောက်တစ်လအကြာမှာ အမေရိကန်မှ craft beer ထုတ်လုပ်ရေး ကုမ္ပဏီ Bell’s Brewery ကိုလည်း ယန်း ၄၀ ဘီလျံဖြင့် ဝယ်ယူခဲ့ပါတယ်။

Kirin ရဲ့ craft beer ရောင်းအားတန်ဖိုး စုစုပေါင်းရဲ့ ၁၀% ဝန်းကျင်ကိုသာ ပြည်ပမှ ရရှိတာ ဖြစ်ပါတယ်။ craft beer က အလားအလာကောင်းတဲ့အတွက် တိုးချဲ့လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

Read times Last modified on Saturday, 19 February 2022 14:30
Rate this item
(0 votes)