Japan



ဂျပန်ပင်လယ်စာ ပိတ်ပင်ထားသော တရုတ်ပြည်သို့ ရုရှားပင်လယ်စာ ပိုမိုတင်ပို့ရန် ရုရှားမျှော်မှန်း

ဂျပန်ပင်လယ်စာ ပိတ်ပင်ထားသော တရုတ်ပြည်သို့ ရုရှားပင်လယ်စာ ပိုမိုတင်ပို့ရန် ရုရှားမျှော်မှန်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၂၀၁၁ ခုနှစ် မတ်လတွင် ဆူနာမီကြောင့် ပျက်စီးခဲ့သော ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ  ရေများကို ပင်လယ်ထဲသို့ လွှတ်ပေးပြီးနောက် ဂျပန်ပင်လယ်စာများတွင် ရေဒီယိုသတ္တိကြွ ဘေးသင့်နိုင်ဖွယ်ရှိသည်ဟုဆိုကာ တရုတ်က ပိတ်ပင်လိုက်သည်။

ဂျပန်ပင်လယ်စာ ပိတ်ပင်ထားစဉ် ရုရှားက ရုရှားပင်လယ်စာများကို တရုတ်သို့ ပိုမိုတင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။

 

ရုရှားသည် တရုတ်နိုင်ငံသို့  ပင်လယ်ထွက်ပစ္စည်း အများဆုံး တင်သွင်းသည့် နိုင်ငံများထဲမှာ ပါဝင်သည်။

 ရုရှားကုမ္ပဏီ ၈၉၄ ခုကို တရုတ်အာဏာပိုင်တို့က  တရုတ်ပြည်သို့ ပင်လယ်စာ တင်ပို့ရန် အတည်ပြု ခွင့်ပြုပေးထားသည်။

ရုရှားမှ စားသောက်ကုန် ဘေးကင်းရေး အဖွဲ့အစည်း Rosselkhoznadzor က  ကုမ္ပဏီ အရေအတွက် ထပ်တိုးနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားသည်။

 

"ယေဘုယျအားဖြင့် တရုတ်ဈေးကွက်သည် ရုရှားငါးထုတ်ကုန်များအတွက် အလားအလာရှိသည်။ တရုတ်အာဏာပိုင်တို့ထံမှ အတည်ပြု ခွင့်ပြုလက်မှတ်ရ ကုမ္ပဏီနှင့် ငါးဖမ်းသင်္ဘော အရေအတွက်၊ ထုတ်ကုန်များ၏ ပမာဏ၊ ထုတ်ကုန်အမျိုးအမည်များ ပိုများအောင် ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားပါသည်။" ဟု Rosselkhoznadzor မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ရုရှား ပင်လယ်စာ ထုတ်ကုန်တင်ပို့မှု၏ ထက်ဝက်ကျော်ကို တရုတ်ပြည်သို့ တင်ပို့ခဲ့သည်။ 

 

ရုရှားနိုင်ငံသည် ယမန်နှစ်က ရေထွက်ကုန် မက်ထရစ်တန် ၂.၃ သန်း တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံဖိုးရှိသည်။ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ထံ အများဆုံး တင်ပို့ခဲ့သည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 27 August 2023 08:09
Rate this item
(0 votes)