Japan

×

Warning

JUser: :_load: Unable to load user with ID: 540


Kirin Holdings မြန်မာပြည်မှ ဇွန်လ နောက်ဆုံးထား ထွက်ခွာ‌တော့မည်

Kirin Holdings မြန်မာပြည်မှ ထွက်ခွာ‌တော့မည်

ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings က မြန်မာနိုင်ငံမှာ လုပ်ကိုင်လျက်ရှိတဲ့ ဖက်စပ်လုပ်ငန်းမှ ဇွန်လ နောက်ဆုံးထားပြီး နုတ်ထွက်တော့မယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Kirin က ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် အများ နှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် Myanma Economic Holdings Public Company Limited (MEHPCL) နှင့် ဖက်စပ်လုပ်ငန်း ဖျက်သိမ်းဖို့ကိစ္စ အငြင်းပွားနေခဲ့ပါတယ်။

Kirin က MEHPCL ရဲ့ ရှယ်ယာများကို ဝယ်ယူပြီး မြန်မာ‌ဈေးကွက်ထဲမှာ ဆက်လက်လုပ်ကိုင်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တစ်နှစ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးချိန်မှာ ဖက်စပ်လုပ်ငန်း ဖျက်သိမ်းဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီး Kirin က မြန်မာနိုင်ငံမှ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Kirin က မြန်မာနိုင်ငံမှ လုပ်ငန်းနှစ်ခု ဖြစ်တဲ့ Myanmar Brewery Ltd နှင့် Mandalay Brewery Ltd တို့မှ Kirin ရဲ့ ပိုင်ဆိုင်မှုများကို ရောင်းချမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

နုတ်ထွက်မှုမှာ အဆိုပါလုပ်ငန်းနှစ်ခုမှဝန်ထမ်းအင်အား ၁,၄၅၀ ဦးခန့်တို့ရဲ့ သက်မွေးဝမ်းကျောင်းနှင့် ‌ဘေးကင်းရေးတို့ဟာ အရေးကြီးကိစ္စရပ်ဖြစ်ကြောင်း ပြောကြားပါတယ်။

Read times
Rate this item
(0 votes)