Japan
ဂျပန်မှ Nissin Foods ကိုရီးယားအသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ဆင်တူယိုးမှား ထုတ်လုပ်
ဂျပန်မှ Nissin Foods ကိုရီးယားအသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ဆင်တူယိုးမှား ထုတ်လုပ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျပန်ကမ္ဘာ့စားသောက်ကုန်ကုမ္ပဏီ Nissin Foods သည် တောင်ကိုရီးယားနိုင်ငံမှ Samyang Foods ထုတ်လုပ်သော နာမည်ကြီး Korean Buldak Ramen အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ထုတ်ကုန်များနှင့် ဆင်တူယိုးမှား ဖြစ်နေသော အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
.Samyang Foods ထုတ်လုပ်သေ Buldak Ramen
Nissin သည် Hot & Spicy Fire Wok ကို ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလတွင် စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။
၎င်း Hot & Spicy Fire Wok သည် Buldak Ramen ၏ အရသာကို ပုံတူယူသုံးထားရုံမျှမက ကိုရီးယား စာလုံး "bokkeummyeon" ကို ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြထားသည်။ "bokkeummyeon" သည် ခေါက်ဆွဲကြော်ဟု ဆိုလိုသည်။ ဈေးနှုန်းမှာ Buldak Ramen ၏ ငါးပုံတစ်ပုံမျှသာ ဖြစ်သည်။
.
"Nissin ရဲ့ Hot & Spicy Fire Wok က Samyang Foods ရဲ့ Buldak Ramen နှင့် အလွန်တူနေပါတယ်။ စားသုံးသူတွေ ဘယ်ဟာက မူရင်းမူလလဲဆိုတာ ဇဝေဇဝါ ဖြစ်ကြရတဲ့အထိ ဆင်ဆင်တူနေပါတယ်။ Samyang Foods ရဲ့ Carbo Buldak Ramen နှင့်ဆင်တူတဲ့ ခွက်ဘူးပုံသဏ္ဌာန် အရွယ်စားဖြင့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် အသစ်ကိုလည်း မကြာသေးမီက စတင်ဖြန့်ဖြူးခဲ့ပါတယ်။ Samyang Foods ရဲ့လူကြိုက်များတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို ဆင်တူယိုးမှား တုပထုတ်လုပ်ပြီး ပုံမှားရိုက်နေတယ်" ဟု တောင်ကိုရီးယား စားသောက်ကုန်လုပ်ငန်းတစ်ခုမှ အရာရှိတစ်ဦးက ပြောကြားသည်။
Nissin Foods ဝဘ်ဆိုက်တွင် တင်ပြထားသော
Hot & Spicy Fire Wok
Samyang Foods က ဥပဒေအရ အရေးယူရန် စဉ်းစားခဲ့သော်လည်း ထုတ်ကုန်သည် မတူသည့် နာမည်အမျိုးမျိုးကုိ သုံးထားသဖြင့် ဂျပန်ကုမ္ပဏီအား တရားဉပဒေကြောင်းအရ အနိုင်ရဖို့ ခက်ခဲသောကြောင့် မရားမစွဲရန် ဆုံးဖြတ်ခဲ့ကြောင်း Samyang Foods မှ ပြောကြားခဲ့သည်။
.
"ကုမ္ပဏီမှာ ဂျပန်နိုင်ငံအတွက် Buldak Bokkeummyeon ကုန်အမှတ်တံဆိပ်ဆိုင်ရာ မူပိုင်ခွင့် အခွင့်အရေးများ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ Buldak Ramen ကို ဂျပန်မှာ လူသိများပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကသာ မူရင်းမူလဖြစ်ကြောင်း အလေးေပးတင်ပြပြီး ဈေးကွက်အတွင်း လှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာပါ" ဟု Samyang Foods မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုရီးယား အသင့်စားခေါက်ဆွဲများ ရေပန်းစားမှုကြောင့် ပြည်ပဈေးကွက်များတွင် ရောင်းအား စံချိန်တင်စေခဲ့သည်။
.
ယခုနှစ်တွင် မတ်လကုန်အထိ ၃လတာအတွင်း ကိုရီးယား အသင့်ပြုတ်စား ခေါက်ဆွဲခြောက် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၀၈ သန်း (ဝမ် ၂၇၄.၆ ဘီလီယံ) ရှိခဲ့သည်။
.
နှစ်တစ်နှစ်၏ အစ သုံးလတာတွင် ကိုရီးယား ခေါက်ဆွဲခြောက် ထုတ်ကုန် တင်ပို့မှု ဒေါ်လာ သန်း ၂၀၀ ကျော်သွားခြင်းကို ပထမဆုံး အကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။
Source koreatimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U