Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်နိုင်ငံမှ WFP သို့ ဒေါ်လာ ၂ ဒသမ ၈ သန်းကို လှူဒါန်း

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် မှတစ်ဆင့် ပါလက်စတိုင်း နိုင်ငံသို့ အစားအစာများ ကူညီ ထောက်ပံ့ရန်အတွက်

ဂျပန်နိုင်ငံမှ WFP သို့ ဒေါ်လာ ၂ ဒသမ ၈ သန်းကို လှူဒါန်းခဲ့သည်။

 

ပါလက်စတိုင်းရှိ ဂျပန်ကိုယ်စားလှယ်ဖြစ်သူ မိုဂိုရှီ မက်ဆာယာကီနှင့် ပါလက်စတိုင်းရှိ WFP ကိုယ်စားလှယ်ဖြစ်သူ စတီဖင် ကာနီတို့က အောက်တိုဘာ ၂၀ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ WFP သည် ယခုနှစ်အတွင်း၌လည်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။

 

ပါလက်စတိုင်းရှိ လူပေါင်း ၃၅၀၀၀၀ ခန့်ကို WFP မှ စားနပ်ရိက္ခာ ထောက်ပံ့ပေးလျက် ရှိသည်။ ယခုတစ်ကြိမ်တွင် ဂျပန်နိုင်ငံ၏ ထည့်ဝင်မှု သုံးပုံနှစ်ပုံသည် အစားအစာများအစား ကူပွန်များကို အသုံးပြုမည်ဖြစ်သည်။ 

 

" အကူအညီလိုနေသူများအား အစားအစာ ထောက်ပံ့ပေးခြင်းသည် ၎င်းတို့၏ ဘဝအတွက် အထောက်အကူ များစွာ ပြုမှာဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြေအနေ ဆိုးရွားနေမှုများကို ဖြေရှင်းရန်အတွက် ဂျပန်နိုင်ငံမှ ပါလက်စတိုင်းသို့ ဆက်လက်ပြီး အကူအညီများ ပေးသွားမှာ ဖြစ်သည် " ဟု မိုဂိုရှီက ပြောကြားခဲ့သည်။ 

 

" အစားအစာများသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ် လိုအပ်လျက်ရှိသည်။ WFP ၏ လုပ်ဆောင်မှုများအတွက် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးလျက် ရှိခြင်းတို့ကြောင့် မနက်ဖြန်အတွက် လူအများမှာ စားစရာ ရရှိတော့မည်ဖြစ်သည် "ဟု ကြောင်း ကာနီက ပြောကြားခဲ့သည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)