Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ပေါ်ဦးပေါ်ဖျား လိမ္မော်သီး ကီလို ၂၀ တစ်သေတ္တာ အမေရိကန်ဒေါ်လာ ၉၆၀၀

ပေါ်ဦးပေါ်ဖျား လိမ္မော်သီး ကီလို ၂၀ တစ်သေတ္တာ အမေရိကန်ဒေါ်လာ ၉၆၀၀ freshplaza

တိုကျိုမြိုုရဲ့ ဗဟိုလက်ကားအရောင်းအဝယ်ဈေးဖြစ်သည့် Ota Market မှာ ဂျပန်ပြည်တွင်းမှာ စိုက်ပျိုးတဲ့ မန်ဒင်းရင်းလိမ္မော်သီး

အလုံး ၁၀၀ ပါ ကီလို ၂၀ တစ်ဖာကို လေလံတင်ခဲ့ပါတယ်။

 

အဲဒီ လိမ္မော်သီးတွေကို ဂျပန်နိုင်ငံတောင်ပိုင်း Shikoku ကျွန်းပေါ်ရှိ Ehime စီရင်စုမှာ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။  Ehime စီရင်စုရဲ့ နာမည်ကျော် Citrus မျိုးစိတ်ဖြစ်သော satsuma mandarin လိမ္မော်များ ဖြစ်ပါတယ်။


အစေ့မပါတဲ့ လိမ္မော်သီးများ ဖြစ်ပြီး အရည်ရွှမ်းတယ်။ ချိုတယ်။ အခွံကလည်း ပါးလို့ အလွယ်နွှာလို့ ရတယ်။ လျှာပေါ်တင်လိုက်ရင် အရည်ပျော်ကျသွားအောင် နူးညံ့လွန်းတယ်။ Ehime စီရင်စုရဲ့ ပင်လယ်ကမ်းခြေတစ်နေရာဖြစ်တဲ့ Nishiuwa မှာသာ စိုက်ပျိုးထုတ်လုပ်ထားတယ်။ အဲဒီနေရာမှာ စိုက်ခင်းတွေကို နေရောင် သုံးမျိုး ကျရောက်တယ်။ နေလုံးဆီမှ တိုက်ရိုက် နေရောင်ခြည်။ ပင်လယ်မျက်နှာပြင်မှ အလင်းပြန်တဲ့ နေရောင်ခြည်နဲ့ အနီးတစ်ဝိုက်မှာ ရှိနေတဲ့ ကျောက်နံရံတွေထံမှ အလင်းပြန်တဲ့ နေရောင်ခြည်တို့ ဖြစ်ပါတယ်။


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်မှာ အဲဒီစိုက်ခင်းတွေမှ ဆွတ်ခူးထားတဲ့ လိမ္မော်သီးတွေကို ပေါ်ဦးပေါ်ဖျား လိမ္မော်သီး အလုံး ၁၀၀ ပါ ကီလို ၂၀ တစ်ဖာကို ပထမဆုံးအကြိမ်အဖြစ် လေလံစပစ်ခဲ့ပါတယ်။ Nishiuwa သစ်သီးအသင်းမှ Asai က " တစ်ရာသီအတွက် ရာသီအစ ပေါ်ဦး‌ပေါ်ဖျား ပထမဆုံးအကြိမ် လေလံက အလွန်အရေးကြီးတယ်။ လေလံတင်တဲ့ လိမ္မော်သီးတွေရဲ့ အရည်အသွေးကို အကဲဖြတ်ပြီး နောက်ထပ်ရောက်လာမယ့် လိမ္မော်သီးတွေကို ဈေးပေးကြတယ်။


အခုလို အရည်အသွေးမြင့် မန်ဒင်းရင်းလိမ္မော်သီးတွေဟာ အကြမ်းအားဖြင့် ၁၀ ကီလိုကို ယန်း ၇,၈၀၀ (အမေရိကန်ဒေါ်လာ ၇၅) ဈေးရှိပါတယ်။ အခုလို အလုံး ၁၀၀ ပါ ၂၀ကီလိုတစ်ဖာကို အမေရိကန်ဒေါ်လာ ၉၆၀၀ ဈေးကောင်းရရှိတာ အထူးဆန်းတွေ မဟုတ်ပါဘူးလို့ Asai က ပြောပါတယ်။


ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အများဆုံး စံချိန် ရရှိခဲ့တဲ့ ဈေးကလည်း အခုလိုပဲ မြင့်မားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်အဖို့ ထူးခြားတယ်လို့ ဆိုနိုင်တာက ကိုဗစ်ကြောင့် ဂျပန်မှာ စီးပွားရေး ကျဆင်းနေချိန်မှာ အရင်နှစ်တွေကလို ဈေးကောင်းရရှိခဲ့တာ ဖြစ်တယ်လို့ Asai က ပြောပါတယ်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)