Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဟော့ပေါ့ပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်ကိုယ်တိုင်လုပ်စားနိုင်တဲ့ ဟော့ပေါ့ပြုလုပ်နည်းလေး

တင်ပြပေးလိုက်ပါတယ်။ ဟော့ပေါ့လုပ်စားမယ်ဆိုရင် City Mart တွင် အသင့်ထုပ်ပြီးသား အထုပ်ကို ၀ယ်နိုင်သလို ကိုယ်တိုင် ဈေးထဲတွင်လည်း ၀ယ်ယူပြီးလည်း လုပ်နိုင်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်သား/၀က်သား/ပုစွန်၊ ပဲကြာဇံ၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုအသားတုပဲငပိအရည်ကြက်အူချောင်းငါးဖယ်လုံးပြောင်းဖူးဟင်းသီးဟင်းရွက်ကြက်ဥပန်းဂေါ်ဖီမုံညှင်း ကြက်သွန်ဖြူကြက်သွန်နီဂျင်းငရုတ်သီးမှုန့်၊ ဆားဟင်းခတ်မှုန့်နှမ်းမွှေးဆီဆော့ တို့ လိုအပ်ပါမယ်။

အရင်ဆုံး ထည့်စားမည့် အစာပလာတွေကို ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့ကို နာရီဝက်ကျော်ခန့် ရေစိမ်ထားပါ။

ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနှင့် ငရုတ်သီးမှုန့်တို့ကို ဆီသတ်ထားပါ။ ကိုယ်စားချင်တဲ့ ကြက်သား ဝက်သား၊ ပုစွန် တစ်မျိုးမျိုးကိုပြုတ်ထားပါ။

ပြီးနောက်ဟင်းရည်ထဲကို ပဲငါးပိအရည်ဖျော်ထည့် မွှေးပြီးတော့ အရသာလေးလေးပင်ပင်ဖြစ်အောင် ပြီးရင် ဆား၊ ဟင်းခတ်မှုန့်တို့ကို အနေတော်ထည့်ပြီး နှမ်းမွှေးဆီဆော့ပါထည့်ရပါမယ်။

ဟင်းရည်အိုးတည်ထားတုန်းမှာ ကိုယ်ထည့်ပြုတ်ထားတဲ့ အသား၊ ပုစွန်၊ ကြက်အူချောင်း၊ ငါးဖယ်လုံးနှင့် ပြောင်းဖူးတို့ ဟင်းသီးဟင်းရွက်တွေကို အဆင်သင့်ပြင်ဆင်ထားပါ။

ဟင်းရည် ပွက်ပွက်ဆူလာပြီး ဟင်းအနှစ်တွေလဲ အနယ်ထိုင်လာပြီဆိုရင်တော့ ပထမဦးဆုံး ရေစိမ်ထားတဲ့ ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့နဲ့အသားတို့ကို ဟင်းရည်အိုးထဲထည့်ပြုတ်နိုင်ပါပြီ။

ပြီးနောက် အကျက်နည်းနည်းကြာတဲ့ မှို၊ ပြောင်းဖူး၊ အသားလုံး၊ ကြက်အူချောင်းတို့ပါ ထည့်ပြုတ်ပြီး မီးကိုခပ်အေးအေးထားပြီး နောက်ဆုံး စားခါနီးမှ ကြက်ဥဖောက်ထည့် ပန်းဂေါ်ဖီတို့ မုံညှင်းတို့ကို နောက်ဆုံးမှထည့်သင့်ပါတယ်။ ပြီးလျှင် အရသာရှိတဲ့ ဟော့ပေါ့ကို အသင့်စားသုံးနိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 17:33
Rate this item
(4 votes)