Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂ်ပန္စတိုင္ ဆူရွီ ဆန္း၀ွစ္ ျပဳလုပ္နည္း

ဂ်ပန္စတိုင္ ဆူရွီ ျပဳလုပ္နည္းအတိုင္းမလိပ္ဘဲ ဆန္း၀ွစ္ပံုစံျပဳလုပ္ထားတဲ့ ဆူရွီကို ဆိုင္တြင္

သြားေရာက္သံုးေဆာင္စရာမလိုဘဲ အိမ္တြင္လည္း ကိုယ္တိုင္ျပဳလုပ္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါ၀င္ပစၥည္းေတြကေတာ့ ၾကက္ဥ၊ ၾကက္အူေခ်ာင္း၊ ဂဏန္းေခ်ာင္း၊ ပုစြန္၊ ဆန္၊ ဆန္ဗီနီဂါ၊ သၾကား၊ ဂ်ပန္ဟင္းခတ္မႈန္႔၊ ေရညွိေျခာက္၊ ဂ်ပန္မေရာနိစ္၊ ႏွမ္း၊ ဆလပ္ရြက္၊ ေထာပတ္သီး၊ သခြားသီး၊ မုန္လာဥနီတို႔ လိုအပ္ပါမယ္။

 

ပထမဦးစြာ ထမင္းအရင္တည္ပါ။ မေပ်ာ့ပါေစနဲ႔။ ထမင္းက်က္ပါက ဇလံုတခုတြင္ သြန္ထည့္ထားၿပီး ေခတၲအေအးခံေပးထားပါ။ ေယာက္မျဖင့္ အထက္ေအာက္လွန္လိုက္ပါ။

 

ခပ္ေႏြေႏြးအေနထားတြင္ ထမင္းေပၚသို႔ ဆန္ဗီနီဂါအနည္းငယ္ထည့္ၿပီး ဖြဖြေမြေပးပါ။ ၿပီးလွ်င္ သၾကားထည့္ပါ။ အရသာျမည္းၾကည့္ၿပီး လိုအပ္ကထပ္မံ၍ အရသာျဖည့္ၿပီး ေမႊေပးပါ။ ေမႊစဥ္ ဆန္လံုးမပ်က္ရန္ ဂ႐ုျပဳပါ။

 

ၿပီးလွ်င္ အဖံုးအုပ္ၿပီး ေဘးဖယ္ထားကာ အစာသြတ္ရန္အတြက္ အစာမ်ားျပင္ဆင္ပါ။

 

ၾကက္ဥတစ္လံုး ေခါက္ၿပီး ခပ္ထူထူအခ်ပ္ေၾကာ္ကာ အေခ်ာင္းေလးမ်ားျဖတ္ထားပါ။ ၾကက္အူေခ်ာင္း၊ ဂဏန္းေခ်ာင္း၊ ပုစြန္ကိုလည္း ေရေႏြးေဖ်ာ ေလးစိတ္စိတ္၍ အေခ်ာင္းေလးေတြျဖစ္ေအာင္လုပ္ထားပါ။



ပထမဦးစြာ ဝါးယင္းလိပ္ကို ပလပ္စတစ္ျဖင့္ ပတ္ထားပါ။ ေရပန္းကန္တခုယူထားပါ။ ဝါးယင္းလိပ္ေပၚတြင္ ေရညိွေျခာက္ခင္းပါ။ လက္ကိုေရစြပ္ၿပီး ထမင္းကို အလံုးခပ္ႀကီးႀကီးလံုးပါ။ ေရညိွေပၚသို႔ နည္းနည္းဆီျဖန္႔ၿပီးခင္းပါ။

 

ႏွမ္းအနည္းငယ္ျဖဴးပါ။ ၿပီးလွ်င္ သခြားသီး၊ မုန္လာဥ၊ ဆလပ္႐ြက္၊ ေထာပတ္သီး၊ ၾကက္ဥ၊ ၾကက္အူေခ်ာင္း၊ ဂဏန္းေခ်ာင္းထည့္ၿပီး မေရာနိစ္ထည့္ကာ ျဖည္းျဖည္းခ်င္း က်စ္ေနေအာင္လိပ္သြားပါ။

 

ၿပီးေနာက္ ဓားထက္ထက္ျဖင့္ လွီးျဖတ္ၿပီးလွ်င္ေတာ့ ဂ်ပန္စတိုင္ ဆူရွီ ဆန္း၀ွစ္ကို ရသာရွိစြာ သံုးေဆာင္ႏိုင္ပါၿပီ။

 

Unicode ျဖင့္ ဖတ္ရန္

ဂျပန်စတိုင် ဆူရှီ ဆန်း၀ှစ် ပြုလုပ်နည်း
ဂျပန်စတိုင် ဆူရှီ ပြုလုပ်နည်းအတိုင်းမလိပ်ဘဲ ဆန်း၀ှစ်ပုံစံပြုလုပ်ထားတဲ့ ဆူရှီကို ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ပါ၀င်ပစ္စည်းတွေကတော့ ကြက်ဥ၊ ကြက်အူချောင်း၊ ဂဏန်းချောင်း၊ ပုစွန်၊ ဆန်၊ ဆန်ဗီနီဂါ၊ သကြား၊ ဂျပန်ဟင်းခတ်မှုန့်၊ ရေညှိခြောက်၊ ဂျပန်မရောနိစ်၊ နှမ်း၊ ဆလပ်ရွက်၊ ထောပတ်သီး၊ သခွားသီး၊ မုန်လာဥနီတို့ လိုအပ်ပါမယ်။
ပထမဦးစွာ ထမင်းအရင်တည်ပါ။ မပျော့ပါစေနဲ့။ ထမင်းကျက်ပါက ဇလုံတခုတွင် သွန်ထည့်ထားပြီး ခေတ္တအအေးခံပေးထားပါ။ ယောက်မဖြင့် အထက်အောက်လှန်လိုက်ပါ။
ခပ်နွေနွေးအနေထားတွင် ထမင်းပေါ်သို့ ဆန်ဗီနီဂါအနည်းငယ်ထည့်ပြီး ဖွဖွမွေပေးပါ။ ပြီးလျှင် သကြားထည့်ပါ။ အရသာမြည်းကြည့်ပြီး လိုအပ်ကထပ်မံ၍ အရသာဖြည့်ပြီး မွှေပေးပါ။ မွှေစဉ် ဆန်လုံးမပျက်ရန် ဂရုပြုပါ။
ပြီးလျှင် အဖုံးအုပ်ပြီး ဘေးဖယ်ထားကာ အစာသွတ်ရန်အတွက် အစာများပြင်ဆင်ပါ။
ကြက်ဥတစ်လုံး ခေါက်ပြီး ခပ်ထူထူအချပ်ကြော်ကာ အချောင်းလေးများဖြတ်ထားပါ။ ကြက်အူချောင်း၊ ဂဏန်းချောင်း၊ ပုစွန်ကိုလည်း ရေနွေးဖျော လေးစိတ်စိတ်၍ အချောင်းလေးတွေဖြစ်အောင်လုပ်ထားပါ။

ပထမဦးစွာ ဝါးယင်းလိပ်ကို ပလပ်စတစ်ဖြင့် ပတ်ထားပါ။ ရေပန်းကန်တခုယူထားပါ။ ဝါးယင်းလိပ်ပေါ်တွင် ရေညှိခြောက်ခင်းပါ။ လက်ကိုရေစွပ်ပြီး ထမင်းကို အလုံးခပ်ကြီးကြီးလုံးပါ။ ရေညှိပေါ်သို့ နည်းနည်းဆီဖြန့်ပြီးခင်းပါ။
နှမ်းအနည်းငယ်ဖြူးပါ။ ပြီးလျှင် သခွားသီး၊ မုန်လာဥ၊ ဆလပ်ရွက်၊ ထောပတ်သီး၊ ကြက်ဥ၊ ကြက်အူချောင်း၊ ဂဏန်းချောင်းထည့်ပြီး မရောနိစ်ထည့်ကာ ဖြည်းဖြည်းချင်း ကျစ်နေအောင်လိပ်သွားပါ။
ပြီးနောက် ဓားထက်ထက်ဖြင့် လှီးဖြတ်ပြီးလျှင်တော့ ဂျပန်စတိုင် ဆူရှီ ဆန်း၀ှစ်ကို ရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(1 Vote)