Japan
ဂျပန်စတိုင် ဟော့ပေါ့လုပ်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဂျပန်အစားအစား ဟော့ပေါ့ကြိုက်သူများအတွက်
ဂျပန်စတိုင် ဟော့ပေါ့လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ အမဲသား၊ ဟင်းသီးဟင်းရွက်၊ ဂျပန်ခေါက်ဆွဲ၊ မှိုခြောက်ပွင့်၊ ဂျပန်မှို၊ ဂျပန်တို့ဟူး၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ကြက်ဥ တို့ လိုအပ်ပါမယ်။
ဆော့ရည်ပြုလုပ်ဖို့အတွက် ဆာကေး၊ ဆန်ဝိုင်ချို၊ ပဲငံပြာရည်၊ သကြားတို့ လိုအပ်ပါမယ်။
ဆော့ရည်တွင် ပါဝင်ပစ္စည်းများဖြစ်သော ဆာကေး၊ ဆန်ဝိုင်ချို၊ ပဲငံပြာရည်၊ သကြားနှင့် ရေတို့ကို ဒယ်အိုးထဲ ထည့်ပြီး သကြားအရည်ပျော်သည်အထိ မိနစ်အနည်းငယ်ခန့် တည်ပြီး ပြန်ဖယ်ထားပါ။
ပြီးနောက် ဒယ်အိုးထဲ ဆီထည့်ပြီး တို့ဟူးများကို အညိုရောင် သန်းသည်အထိ ကြော်ပေးပါ။ ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီး ရေဆူလာလျှင် ခေါက်ဆွဲ၊ ဆား တို့ထည့်ပြုတ်ပြီး ဇကာဖြင့် ပြန်ဆယ်ပေးပါ။
ဟော့ပေါ့ပြုလုပ်ရန်အတွက် ပထမဆုံး အမဲသားကို ရေဆေး သန့်စင်ပြီး လှီးဖြတ်ထားပါ။ လျှပ်စစ်ပေါင်းအိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် အမဲသားကို မိနစ်အနည်း ထည့်ကြော်ပေးပါ။
ပြီးလျှင်တော့ ဆော့ရည် တစ်ဝက် လောင်းထည့်ပေးပြီး ရေဆူသည်အထိ တည်ပေးထားပါ။
ရေဆူလာလျှင် တို့ဟူး၊ ခေါက်ဆွဲ၊ မှို၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ တို့ကို ထည့်လိုက်ပါ။
ပြီးနောက် အဖုံးအုပ်ပြီး မီးအနည်းငယ်ဖြင့် တည်ထားပါ။ ဟော့ပေါ့အိုးထဲသို့ ဟင်းရွက်များ၊ တို့ဟူးများ ထပ်ထည့်လျှင် ဆော့ရည်ထပ်ထည့်ပေးပါ။
ဟင်းရွက်များ နွမ်းသွားလျှင် ကြက်ဥခွက်ထဲ အသား၊ ဟင်းရွက်များကိုထည့်ပြီးလျှင်တော့ အရသာရှိတဲ့ ဂျပန်စတိုင် ဟော့ပေါ့ကို အသင့်သုံးဆောင်နိုင်ပါတယ်။