Japan

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာဘီယာလုပ်ငန်းဖျက်သိမ်းဖို့ တရားရုံးလျှောက်ထားခြင်းကို Kirin ကန့်ကွက်

မြန်မာဘီယာလုပ်ငန်းဖျက်သိမ်းဖို့ တရားရုံးလျှောက်ထားခြင်းကို Kirin ကန့်ကွက်


မြန်မာဘီယာလုပ်ငန်း ဖျက်သိမ်းဖို့ ဦးပိုင်ကုမ္ပဏီဘက်က တရားရုံးကိုလျှောက် ထားတဲ့အပေါ်မှာ နိုင်ငံတကာဖက်စပ်ကုမ္ပဏီဖြစ်တဲ့ Kirin ဂျပန်ကုမ္ပဏီဘက်က ကန့်ကွက်ထားပါတယ်။ ဒီပြဿနာနဲ့ပတ်သက်လို့ မြန်မာဦးပိုင်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးလှမျိုးနဲ့ အမည်မဖော်လိုတဲ့ စီးပွားရေးသုံးသပ်သူတဦးတို့ကို ဆက်သွယ်ပြီး ကိုဝင်းမင်း မေးမြန်းစုံစမ်းထားပါတယ်။

VOA မေးမြန်းချက်ကို ဦးလှမျိုးက အခုလို စရှင်းပြပါတယ်။

ဦးလှမျိုး။ ။ “ဒီအချိန်မှာတော့ ကျနော် ဘာမှရှင်းပြလို့မရသေးဘူးဗျ။ ကျနော်တို့ဥပဒေအတိုင်းပဲ ဆောင်ရွက်နေတာပဲ ရှိပါသေးတယ်။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ ဥပဒေအတိုင်းပဲဆိုတော့ ဘယ်လိုမျိုး ဥပဒေအတိုင်းလဲ။

ဦးလှမျိုး။ ။ According to the Law, existing Law ပေါ့ဗျာ၊ ဒီအတိုင်းပါပဲ။

ကိုဝင်းမင်း။။ ဟုတ်ကဲ့။ Kirin ကီရင်ဘက်ကတော့ ဥပဒေနဲ့မညီတဲ့သဘောမျိုး ကန့်ကွက်ထားတယ်ပေါ့နော်။

ဦးလှမျိုး။ ။ ဒါကတော့ သူတို့အထင်ပါပဲဗျာ။ ကျနော့်အနေနဲ့ကတော့ ဘာမှ မပြောလိုပါဘူး။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဦးလှမျိုးခင်ဗျား။

အဲဒီတော့ ဒီပြဿနာရဲ့ထူးခြားမှုကို မေးရာမှာ အမည်မဖော်လိုတဲ့ စီးပွားရေးသုံးသပ်သူတဦးက အခုလို စရှင်းပြပါတယ်။

“ဖေဖေါ်ဝါရီလကတည်းက ဒီဂျပန် ပါတနာပေါ့နော်။ အဲဒီ ဂျပန်ပါတနာ ကီရဲင်န်က ဒီဖက်စပ်ကနေပြီး နုတ်ထွက်မယ်၊ သူတို့စကားနဲ့ဆိုရင်တော့ တဆင့်ချင်းလျှော့ချပြီးတော့မှ နုတ်ထွက်မယ်လို့ ကြေညာထားတာ။ ဒါပေမယ့် အခု အံ့သြစရာကောင်းတာက ဒီဖက်စပ်တည်ထောင်ထားတဲ့ မြန်မာ brewry ပေါ့နော်။ လိမိတက်ကို စာရင်းရှင်းလင်း ဖျက်သိမ်းမယ်ဆိုတာက သတင်းစာမှာ ကြေညာတဲ့အဆင့်တောင် ရောက်လာတယ်ပေါ့နော်။ ...ဆိုတော့ ဒီဟာကို ....တင်ပြတဲ့အဆင့်ရောက်လာပေမယ့် တဘက်က သဘောမတူဘူးဆိုတော့ နှစ်ဘက် ညှိနှိုင်းပြီး လုပ်ရမယ့်ကိစ္စမှာ မမျှော်လင့်ဘဲ ပြဿနာတွေ ရှိနေပုံပေါ်တယ်။ အကြမ်းဖျင်းတော့ ကျနော် အဲဒီလို ကောက်ချက်ဆွဲလို့ရတယ်။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီနေရာမှာ အဓိကပြဿနာက ဘာဖြစ်နေတယ်လို့ သုံးသပ်လို့ရလဲ။

သုံးသပ်သူ။။ စဉ်းစားစရာက နှစ်ချက်လောက်ရှိမယ်လို့ထင်တယ်။ ဒီ ကီရဲင်န်က မြန်မာဘီယာနဲ့ဖက်စပ်ပြီးတော့ ပြည်တွင်းမှာထုတ်တဲ့ မြန်မာဘီယာရော သူ့ရဲ့ကိုယ်ပိုင်တံဆိပ် ကီရဲင်န် ရော ဆိုတော့ အစကတည်းက နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားတဲ့ အမှတ်တံဆိပ်ဖြစ်တဲ့အတွက်ကြောင့် အကျိုးအမြတ် တော်တော်ကောင်းတယ်။ အကျိုးအမြတ်ကောင်းတာကတော့ မက်စရာတခုပေါ့လေ။

နောက်တခုကတော့ အရင်တုန်းက တိုက်ဂါးဘီဘာနဲ့ နှစ်ပေါင်းများစွာ ဖက်စပ်လုပ်ခဲ့တာကိုး။ တိုက်ဂါးဘီယာဆီကမှ ကီရဲင်န်က လက်ပြောင်းယူခဲ့တာမှတ်မိတယ်လေ။ အဲဒီတော့ အဲဒီကိစ္စမှာ သူတို့ ဖက်စပ်ဖွဲ့စည်းထားတဲ့ဟာမှာ အခု ကီရဲင်န်ဘက်က ပြန်ပြီးတော့ သူတို့ဖြစ်စေချင်တဲ့ပုံစံနဲ့ ပြန်ပြီးတော့ ခွဲထွက်ဖို့ ၊ ရှေ့မှာ ဖွဲ့စည်းထားတဲ့ဟာတွေ ဘာနဲ့ပြဿနာရှိလဲပေါ့။ အဲဒီနှစ်ချက်ကို ကျနော်တို့ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကီရဲင်န်ကလည်း ပြောထားတာ ရှိတာကို။ သူတို့အနေနဲ့ ဗမာပြည်ဈေးကွက်မှာ ဆက်ရှိချင်တယ်ဆိုတာ သူတို့ ပြောထားတဲ့စကားလည်း ရှိတယ်။

ကိုဝင်းမင်း။။ ဟုတ်ကဲ့။ ညှိနှိုင်းမှု မရှိတဲ့သဘောပေါ့နော်။

သုံးသပ်သူ။။ ဟုတ်ကဲ့။ သတင်းမှာလည်း ဒီလိုပဲ ရေးထားတယ်လေ။ ပူးပေါင်း ဆောင်ရွက်တာမရှိဘူးပေါ့။ ဒီ ဦးပိုင်ကုမ္ပဏီဘက်ကနေပြီးတော့ အဲဒီလိုဆိုတယ်။ အဲဒီတော့ အခုတော်တော်ထိခိုက်တယ်လို့ကြားတယ်။ ဆိုတော့ အဲဒီဟာအပေါ်မှာ ထိခိုက်လာတဲ့အပေါ်မှာ ညှိနှိုင်းလို့ မရတာလား။ နောက်ပြီးတော့ ခုနက နဂိုရ်ဖွဲ့စည်းထားတုန်းက ပုံစံက တကယ်လို့ပြန်ပြီးတော့ စာရင်းရှင်းဖျက်သိမ်းဖို့ လုပ်တဲ့အခါမှာ ညှိနှိုင်းရခက်နေတဲ့ အခြေအနေပဲ ရှိနေသလား။ နောက်ပြီးတော့ ကီရဲင်ဘက်ကလည်း သူက ဒီဈေးကွက်မှာ ဆက်ရှိချင်တယ်၊ တဖြည်းဖြည်းလျှော့သွားချင်တယ်ဆိုတော့ သူလုပ်ချင်တဲ့ပုံစံနဲ့ ဦးပိုင်ဘက်က သူတို့လိုချင်တာပေါ့နော်။ သူတို့လိုချင်တာ ဆိုတာက ကျနော်တို့ဆီမှာဖြစ်တတ်တာက စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွါးရေးလုပ်ငန်းတွေက ကိုယ်အသာစီးအမြဲ ယူလေ့ရှိတာကိုး။ အဲဒီတော့ အဲဒီပုံစံမျိုးနဲ့ချဉ်းကပ်တဲ့အတွက်ကြောင့် ညှိမရတာလား။ အဲလို ဖြစ်နိုင်ခြေတွေကိုတော့ မြင်နေရပါတယ်။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။

ဗီအိုအေ

 

 

Read times
Rate this item
(0 votes)