Japan



အဆန်းအပြား ဒိုမီနို မီးတောင်ပီဇာ

အဆန်းအပြား ဒိုမီနို မီးတောင်ပီဇာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျပန်မှ ဒိုမီနို ပီဇာလုပ်ငန်းက မီးတောင်ပီဇာ အမျိုးအမည်သစ်ကို တီထွင်ဆန်းသစ် ထားပါတယ်ာ အမည်ကို New Cheese Volcano Pizza လို့ ခေါ်ဝေါ်ပါသည်။ 

 

ဂျပန်မှ အိမ်တိုင်ရာရောက် ပို့ပေးတဲ့ ပီဇာဆိုင်ခွဲများ လုပ်ကိုင်သည့် Domino ပီဇာလုပ်ငန်းက ချိစ်မီးတောင် ပီဇာကို အချင်း ၄၀ စင်တီမီတာ အရွယ်ပစားဖြင့် ပြုလုပ်ပါတယ်။

ပီဇာရဲ့ ဗဟိုချက်နေရာမှာ မီးတောင်ငယ်တခု ပုံဖော်ပေးထားပါတယ်။ မီးတောင်ရဲ့ ချော်ရည်အဖြစ် ချိစ်အရည်ပျစ်ကို ထည့်ပေးထားပါတယ်။ 

 

 

photo_2024-01-30_11-47-21.jpg

 

 

မီးတောင် ပတ်ပတ်လည်ကိုလည်း ချိစ်နံရံဖြင့် ဖန်တီးထားပါတယ်။

.

 

photo_2024-01-30_11-48-22.jpg

 

 

 

ချိစ်မီးတောင် ပီဇာကို မူကွဲ နှစ်မျိုးဖြင့် ထုတ်လုပ်ပါတယ်။ တမျိုးက Classic Quattro ဖြစ်ပြီး ကျန်တမျိုးက Premium Quattro ဖြစ်ပါတယ်။

 

ပီဇာဟာ အီတလီ ရိုးရာအစားအစာဖြစ်ပြီး Quattro က အီတလီ ဘာသာစကားမှာ ၄ ဂဏန်းကို ဆိုလိုပါတယ်။

Classic Quattro မှာ Tropical, Genovese, American, Margherita  ၄ မျိုးရနိုင်ပါတယ်။

ဆိုင်မှာလာယူရင် ယန်း ၂,၅၉၀ ဖြစ်ပြီး ပို့ပေးရမယ်ဆိုရင် ယန်း ၅,၁၈၀ ဖြစ်ပါတယ်။

 

ယန်း ၁,၀၀၀ ကို ကျပ် ၁၄,၀၀၀ ဖြင့် အကြမ်းအားဖြင့် တွက်ချက်ကြည့်ရင် ယန်း ၂,၆၀၀ ဟာ 

ကျပ် ၃၇,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။ 

 

photo_2024-01-30_11-49-16.jpg

 

 

Cheese Volcano Premium Quattro မှာလည်း အမျိုးအစား ၄ မျိုး ရနိုင်ပါတယ်။ Whimsical Vegetable Special, Giga Meat, Seafood Special, Korean Short Ribs တို့ ဖြစ်ပါတယ်။

ဆိုင်မှာ လာယူရင် ယန်း ၂,၉၉၀ ဖြစ်ပြီး ပို့ပေးရမယ်ဆိုရင် ယန်း ၅,၉၈၀ ဖြစ်ပါတယ်။

 

 

 photo_2024-01-30_11-49-37.jpg

မီးတောင်ထဲမှ ချော်ရည်ဖြစ်တဲ့ ချိစ်အရည်ပျစ်ကို Cheese Volcano Dipping Sauce လို့ အမည်ပေးထားပြီး သီးခြား ရောင်းချပေးပါတယ်။ တခွက်ကို ၇၉၉ ယန်းဖြင့် ဝယ်ယူနိုင်ပါတယ်။

 

photo_2024-01-30_11-50-27.jpg

 

 

အကြော်အနေဖြင့် Cheese Volcano Potenage ကို ဝယ်စားနိုင်ပြီး တပွဲကို ယန်း ၁၂၉၀ ကျသင့်ပါတယ်။

 

photo_2024-01-30_11-51-22.jpg

 

 

မီးတောင်ပီဇာ အသစ်အဆန်း လူသိများဖို့ အရောင်းမြှင့်တင်ရေး ဗီဒီယို ဖန်တီးထားပါတယ်။ “Let’s all Eat the Volcano." အမည်ရှိ သီချင်းနောက်ခံဖြင့် တင်ဆက်ထားပါတယ်။ 

 

 

 

ဂျပန်မှ ဒိုမီနို ပီဇာလုပ်ငန်းက တီထွင်ဆန်းသစ်ထားတဲ့ New Cheese Volcano Pizza ကို အခြားနိုင်ငံများမှ ဒိုမီနို ပီဗာဆိုင်များတွင်လည်း ရောင်းချမယ့် အစီအစဉ် ရှိပါတယ်။ 

 

New Cheese Volcano Pizza ကို ဂျပန်နှင့် ထိုင်ဝမ်တို့တွင် တရက်တည်းမှာ စတင်ရောင်းချခဲ့ပါတယ်။ ဇန်ဝါရီလ ၉ ရက်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

 

Source, PR Times 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 30 January 2024 11:53
Rate this item
(0 votes)