Japan



မလေးရှားသို့ ဂျပန်ပင်လယ်စာ တင်ပို့မှု ၂၀၂၄ ခုနှစ်တွင် တိုးလာမည် မျှော်မှန်း

မလေးရှားသို့ ဂျပန်ပင်လယ်စာ တင်ပို့မှု  ၂၀၂၄ ခုနှစ်တွင် တိုးလာမည် မျှော်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှု အဖွဲ့ အစည်း Japan External Trade Organisation  (Jetro) သည် မလေးရှားနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးမြင့်လာမှုနှင့် ယန်းငွေ အားနည်းခြင်းကြောင့် မလေးရှားသို့ ယခုနှစ်အတွင်း ဂျပန်ပင်လယ်စာ တင်ပို့မှု တိုးလာမည်ဟု မျှော်မှန်းထားသည်။

 

Jetro Kuala Lumpur ၏ မန်နေဂျင်းဒါရိုက်တာ Koichi Takano က မလေးရှားတွင်စီးပွားရေး တိုးတက်မှု   ပိုမိုကောင်းမွန်မည်ဟု မျှော်လင့်ထားသဖြင့်  ဂျပန်ပင်လယ်စာ ၀ယ်လိုအားကို မြှင့်တင်ပေးလိမ့်မည် ဟု ပြောကြားသည်။

 

ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဆူနာမီလှိုင်းလုံးကြီးကြောင့် ပျက်စီးသွားခဲ့သော Fukushima Daiichi နျူကလီးယား ဓာတ်အားပေးစက်ရုံမှ သန့်စင်ထားပြီးဖြစ်သော ရေများကို လွန်ခဲ့သည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် သမုဒ္ဒရာထဲသို့ စတင်စွန့်ပစ်ခဲ့သည်။

၎င်းရေများတွင် ရေဒီယိုသတ္တိကြွသည့် အာနိသင် ရှိနေနိုင်သည်ဟူသော စွပ်စွဲချက်ဖြင့် ရေစွန့်ပစ်သည့် ပင်လယ်ရေထဲမှ ဖမ်းဆီးရမိသည့် ပင်လယ်စာများတွင်လည်း  ရေဒီယိုသတ္တိကြွသည့် အာနိသင် ရှိနေနိုင်သည်ဟု သံသယရှိကြသည်။ 

"ဂျပန်အစိုးရက နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံပြီး ဂျပန်ပင်လယ်စာတွေရဲ့ ဘေးကင်းမှုကို ဂရုတစိုက် ရှင်းပြပြီးပါပြီ။ ဖြစ်နိုင်သမျှ ဘေးကင်းတဲ့ ကြိုတင်ကာကွယ်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency (IAEA)ကလည်း စိုးရိမ်စရာ မရှိကြောင်း ထောက်ခံချက် ပေးထားသည်။ 

 

ဂျပန်နိုင်ငံမှ နောက်ဆုံးထုတ်ပြန်သည့် တရားဝင် အစိုးရကုန်သွယ်မှုစာရင်းအင်းများအရ  ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ်  ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ပင်လယ်ထွက်ကုန်များဖြစ်သည့် ငါး၊ ငါးဥ၊ ပုစွန်နှင့် စည်သွပ်အဏ္ဏဝါထွက်ကုန်များ ဂျပန် ယန်း ၄ ဒသမ ၃၆၉ ဘီလီယံ တင်ပို့ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၁၆ ရာခိုင်နှုန်း ပိုများပါသည်။ 

 

ဟိုကိုင်းဒိုးမှ ခုံးကောင်များသည် အရသာ ချိုမြိန်ခြင်းနှင့် လတ်ဆတ်ခြင်းတို့အတွက် အထူးရေပန်းစားသည်။

 

ဂျပန်သည် ကမ္ဘာပေါ်တွင် ဂုံးကောင်များ အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် ဟော့ကိုင်းဒိုးတွင် တွေ့ရှိရသည့်  ကဏန်း၊ ကမာကောင်များနှင့် ပင်လယ်စာ ထွက်ကုန်များအတွက်လည်း ကျော်ကြားပါသည်။

 

ဟိုကိုင်းဒိုးမှ ပင်လယ်စာများတွင် အားလုံးနီးပါးသည် ပင်လယ်ရေဖြင့် မွေးမြူပြီး ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရာသီအလိုက် အနည်းအများ ပြောင်းလဲခြင်း မရှိဘဲ ပုံမှန် ထုတ်လုပ်ပေးနိုင်သည်။ 

 

Source FMT

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 11 February 2024 20:50
Rate this item
(0 votes)