Japan
နော်ဝေ အစိုးရ ပင်စင်စားရန်ပုံငွေက Kirin ကို စောင့်ကြည့်စာရင်းမှ ဖယ်ရှား
နော်ဝေ အစိုးရ ပင်စင်စားရန်ပုံငွေက Kirin ကို စောင့်ကြည့်စာရင်းမှ ဖယ်ရှား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
နော်ဝေ အချုပ်အခြာအာဏာပိုင် ဓနရံပုံငွေဖြစ်သည့် အစိုးရ ပင်စင်စားရန်ပုံငွေသည် ဂျပန်၏ Kirin Holdings ကို ၎င်း၏ စောင့်ကြည့်စာရင်းမှ ဖယ်ရှားလိုက်ပြီး ၎င်း၏ ရင်းနှီးမြှုပ်နှံမှု အစုစုမှ အဖျော်ယမကာ ကုမ္ပဏီကြီးအား ဖယ်ထုတ်ရန် မစဉ်းစားတော့ကြောင်း ပြောကြားခဲ့သည်။
.
ကန်ဒေါ်လာ ၁.၃ ထရီလီယံ ရှိသည့် အစိုးရ ပင်စင်စားရန်ပုံငွေ Global Fund သည် ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ခုဖြစ်သည်။
.
ဂျပန်ကုမ္ပဏီ Kirin သည် မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်စပ်မှုများ ရှိနေခဲ့ခြင်းကြောင့် Kirin ကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်းခဲ့သည်။ လိုအပ်လာလျှင် Kirin ထံ ထည့်ဝင်ထားသည့် ရင်းနှီးမြှုပ်မှုများကို ပြန်ထုတ်ယူမည် ဖြစ်သည်။
.
“Kirin က စီးပွားရေး ဆက်စပ်မှုကို ရပ်ဆိုင်းခဲ့ပြီး မြန်မာနိုင်ငံမှာ လုပ်ဆောင်တာတွေ မရှိတော့ပါဘူး" ဟု အစိုးရ ပင်စင်စားရန်ပုံငွေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ Kirin ကုိ စောင့်ကြည့်စာရင်းမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
အစိုးရ ပင်စင်စားရန်ပုံငွေသည် ၂၀၂၂ နှစ်ကုန်တွင် Kirin တွင် အစုရှယ်ယာ ၁.၂၂% ပိုင်ဆိုင်သည်။
Source dealstreet asia
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U