Japan



ကိုးရီးယားတွင် ဂျပန်အပေါ် ရန်လိုမှုများ သွေးအေးလာသောကြောင့် ဂျပန်ဘီယာ တင်သွင်းမှု အရှိန်မြင့်တက်

ကိုးရီးယားတွင် ဂျပန်အပေါ် ရန်လိုမှုများ သွေးအေးလာသောကြောင့် ဂျပန်ဘီယာ တင်သွင်းမှု အရှိန်မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ကိုရီးယားနိုင်ငံသို့ ဂျပန်ဘီယာ တင်သွင်းမှု စံချိန်တင် အမြင့်ဆုံး ဖြစ်လာခဲ့ပြီး စုစုပေါင်း  ၇,၉၈၅ တန် တင်သွင်းခဲ့သည်။ ယမန်နှစ် ဇူလိုင်လထက် ၂၃၉% ပိုများခဲ့သည်။

၎င်းတန်ချိန် ပမာဏသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အများဆုံး စံချိန်သစ် ဖြစ်သည်။

 

 ဂျပန်ထုတ်ကုန်များကို သပိတ်မှောက်ခြင်းသည် ကိုရီးယားတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

ဂျပန်အစိုးရသည် ကိုရီးယား၏ နည်းပညာလုပ်ငန်းကဏ္ဍသို့ အဓိကကျသည့် ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်လိုက်ပြီးနောက် ဂျပန်ကုန်စည်များအပေါ် ရန်လိုသည့် သဘောထားများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

၁၉၁၀ ခုနှစ်မှ ၄၅ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံကို ဂျပန်က သိမ်းပိုက်ထားပြီး အုပ်ချုပ်စဉ်အတွင်း အဓမ္မလုပ်အားပေးခိုင်းစေခြင်း ခံခဲ့ရသော ကိုရီးယားများကို တောင်ကိုရီးယားနိုင်ငံတွင် လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီများက လျော်ကြေးပေးရန် ကိုရီးယားတရားရုံးချုပ်က ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ဂျပန်အစိုးရက အဆိုပါ ပို့ကုန်  ကန့်သတ်ချက်များ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်ဟု ကိုရီးယားတို့က ရှုမြင်ကြသည်။

၂၀၁၉ ဇူလိုင်လမတိုင်ခင် တစ်နှစ်အလို ၂၀၁၈ ဇူလိုင်တွင် ဂျပန်ဘီယာ ၇,၂၈၁ တန်ကို တောင်ကိုရီးယား တင်သွင်းခဲ့သည်ထက် ယခုနှစ် ဇူလိုင်လတွင် တင်သွင်းခဲ့သည့် ဂျပန်ဘီယာ တန်ချိန် ၇၀၀ ဝန်းကျင် ပိုများသည်။

 

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ကိုရီးယားနိုင်ငံသို့ ဂျပန်ဘီယာ တင်သွင်းသည့် တန်ဖိုး စုစုပေါင်းမှာ ကန်ဒေါ်လာ ၆.၇၈ သန်း ဖြစ်ပြီး ဒုတိယ အများဆုံး ဖြစ်ပါသည်။ လက်ရှိစံချိန်မှာ ၂၀၁၇ ဇူလိုင်လတွင် ကန်ဒေါ်လာ ၇.၀၇ သန်းဖိုး တင်သွင်းခဲ့သည့် စံချိန် ဖြစ်ပါသည်။

 

တောင်ကိုရီးယား ဘီယာတင်သွင်းမှုကို နိုင်ငံအလိုက်ကြည့်လျှင် 

ဂျပန်ဘီယာ အများဆုံးဖြစ်ပါသည်။ 

တရုတ်ဘီယာ ဒုတိယ အများဆုံးဖြစ်ပြီး ၃,၁၄၁ တန် တင်သွင်းခဲ့သည်။

 တတိယအများဆုံးမှာ နယ်သာလန်ဘီယာဖြစ်ပြီး ၂,၆၉၆ တန် တင်သွင်းခဲ့သည်။

ဂျာမနီမှ ၁,၈၈၁ တန်၊

 ပိုလန်မှ ၁,၆၃၉ တန်၊ 

အိုင်ယာလန်မှ ၈၄၃ တန်၊ 

 အမေရိကန်မှ ၆၅၆ တန်

 ဘီယာ တင်သွင်းခဲ့ပါသည်။

 

Lotte Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Lotte Asahi Liquor သည် Asahi အပါအဝင် အရက်ယမကာများကို တင်သွင်းလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် အမြတ် ဝမ် ၃.၅ ဘီလီယံ ရရှိခဲ့သည်။

 

ဂျပန်ကုန်စည်များ သပိတ်မှောက်ထားစဉ်ကာလတွင် တရုတ်ဘီယာ Tsingtao နှင့် ဒတ်ခ်ျ ဘီယာ Heineken တို့သည် တောင်ကိုရီးယား ဘီယာဈေးကွက်တွင် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ကြသည်။ 

 

ကိုးရီးယားတွင် ဂျပန်အပေါ် ရန်လိုမှုများ သွေးအေးလာသောအခါ ဂျပန်ဘီယာ brand များက ထိပ်ဆုံးနေရာ ပြန်လည်ရယူခဲ့ကြသည်။

 

photo_2023-08-18_13-49-34.jpg

 

ဆိုးလ်မြို့မှ စူပါမားကက်တွင် ရောင်းချနေသော ဂျပန်ဘီယာ Asahi 

 

Kirin၊ Sapporo နှင့် Asahi အစရှိသည့် ဂျပန်ဘီယာများသည် ကိုရီးယားစူပါမားကတ်များနှင့် ကုန်စုံစတိုးဆိုင်များတွင်  တစ်ဖန်ပြန်လည် နေရာရရှိနေပြီဖြစ်သည်။

 Source koreajoogangdaily 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 18 August 2023 13:53
Rate this item
(0 votes)