Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥခေါက်လိပ်အပွကြော်

ယနေ့တင်ပြမည့် ဟင်းချက်နည်းကတော့ ကလေးများအကြိုက် ဟင်းတစ်ခွက်ဖြစ်သည့်

ကြက်ဥခေါက်လိပ် အပွကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်ဥ ၅ လုံး၊ ဆားအနည်းငယ်၊ ငရုတ်ကောင်း အနည်းငယ်၊ ရေအနည်းငယ်နှင့် ဆီအနည်းငယ်တို့လိုအပ်ပါတယ်။

ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်လိုက်ပါ။ ယင်းနောက် ကြက်ဥအကာကို အရင်ခေါက်၊ ပြီးမှ ကြက်ဥအနှစ်ကို ပျစ်၍ လီမွန်အရောင်ရလာအောင် ဆားအနည်းငယ်နှင့် ငရုတ်ကောင်းအနည်းတို့ ထည့်၍ ခေါက်ပါ။

ဆီဆူပွက်နေသော ဒယ်အိုးထဲသို့ မွှေထားသော ကြက်ဥကို လောင်းထည့်ပါ။ မီးအရှိန်မမြှင့်ဘဲ ထားပါ။ အောက်ဘက်ကျက်ဖို့ မိနစ်အနည်းငယ်ခန့် ထားပါ။ အပေါ်ဘက်မှ ပွပွရွရွဖြစ်ပြီဆိုလျှင် တစ်ဝက်နေရာ၌ ကြက်ဥမွှေကြော်ကို ခေါက်လိုက်ပါ။

ပြီးလျှင် အောက်မှ ဂေါ်ပြားဖြင့် ထိုးပြီး ကြက်ဥကွာကျလာအောင် ခေါက်လှုပ်ပေး၍ မကျိုးမပဲ့အောင် ယူရပါမယ်။ ပြီးလျှင် ပန်းကန်ထဲသို့ ကြက်ဥခေါက်လိပ်အပွကြော် ထည့်ပြီးလျှင် အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:48
Rate this item
(1 Vote)