Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်မှာ ရေပန်းစားတဲ့ ပုရစ် ခေါက်ဆွဲပြုတ်

ဂျပန်မှာ ပုရစ်ကို လူကြိုက် များနေသည်။

ပုရစ်ကို စားသောက်ကုန်အဖြစ် ထုတ်လုပ်ကာ အရောင်းမြှင့်တင်သည့် ကုမ္ပဏီမှာ ANTCICADA ဖြစ်သည်။

 

အင်းဆက် စားစရာ တတ်ကျွမ်းသော စာဖိုမှူးတစ်ဦးဖြစ်သူ Yuto Shinohara ကုမ္ပဏီမှာ ခန်ံ့ထားပြီး သင်တန်းပေးသည်။
အဓိကထား ရောင်းချသည့် စားရာမှာ Koorogi Ramen ဖြစ်သည်။ အဓိပ္ပာယ်မှာ ပုရစ်ခေါက်ဆွဲပြုတ်ဟု ဆိုလိုသည်။
ထို့ပြင် ပုရစ် အသီးအရွက် ဟင်းချိုကိုလည်း ချက်ပြုတ် ရောင်းချသည်။
ပုရစ်ကို ဖွဲနုဖြင့် အချဉ်ဖောက်ပြီး အချဉ်ရည် စီစဉ်ပေးသည်။
ပုရစ်ခေါက်ဆွဲသည် ပုရစ်အမှုန့်နှင့် ခေါက်ဆွဲ ရောပေးထားသည်။

ANTCICADA က တိုကျိုမှာ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ဖို့ အစီအစဉ် ရှိထားသော်လည်း ကိုဗစ်ကပ်ဘေးကြောင့် ဆိုင်းငံ့ထားရသည်။ ထိုအစား ထုပ်ပိုးပြီး ပါဆယ်အဖြစ်သာ ရောင်းချသည်။ ဆိုင်ထိုင်စား ရောင်းချဖို့ အခွင့်မသာသေးချေ။
ရောင်းချပုံမှာ ပုရစ်ခေါက်ဆွဲ ပါဆယ်ထုပ်ကို အသင့် ထုပ်ပိုးထားပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားသည်။ လာတယ်သောအခါကျမှ ရေခဲသေတ္တာထဲမှ ထုတ်ယူပြီး ရောင်းချပေးသည်။


အခွန်ပါပြီး ရောင်းဈေးမှာ
၂ ယောက်စာ အထုပ် ၂၂၀၀ ယန်း (၂၁ ဒေါ်လာ)
၄ ယောက်စာ အထုပ် ၄၂၀၀ ယန်း (၃၉ ဒေါ်လာ)
၁၀ ယောက်စာအထုပ် ၁၀၀၀၀ ယန်း (၉၄ ဒေါ်လာ)

zawgyi

 

Read times Last modified on Saturday, 16 May 2020 00:13
Rate this item
(0 votes)