Japan



ဂျပန် ပရီမီယံ ဝီစကီ ပြန်လည်စန်းထခြင်းကြောင့် ပြည်ပတင်ပို့မှု နှစ်ဆကျော် မြင့်တက်မည် ခန့်မှန်း

ဂျပန် ပရီမီယံ ဝီစကီ ပြန်လည်စန်းထခြင်းကြောင့် ပြည်ပတင်ပို့မှု နှစ်ဆကျော် မြင့်တက်မည် ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျပန်ဝီစကီ "ပြန်လည်စန်းထခြင်း"ကြောင့် အဖျော်ယာမကာလုပ်ငန်းကြီး Kirin Holdings ၏ ပရီမီယံအမှတ်တံဆိပ် ဝီစကီများ ပြည်ပတင်ပို့မှုသည် ၂၀၂၅  ခုနှစ်တွင် နှစ်ဆကျော် မြင့်တက်မည်ဖြစ်ကြောင်း  ကုမ္ပဏီ၏ အရက်မာစတာ Jota Tanaka မှ ပြောကြားသည်။

 

ဂျပန်နိုင်ငံ ဝီစကီသမိုင်းတလျှောက် ယမန်နှစ်ကအထိ သက်တမ်း နှစ်တရာပြည့်ပြီးသည့် အရက်ချက် စက်ရုံ ၁၀ ရုံ‌ေအာက်သာ ရှိသည်။

အရက်ချက်လုပ်ငန်းအသစ်များမှာ ပြီးခဲ့သည့် နှစ်အနည်းတွင် ၁၀၀ ကျော်အထိ ရှိလာခဲ့သည်။ အသစ်ဝင်လာသူများသည့် ကမ္ဘာ့ဝယ်လိုအားနှင့် အလွန်‌ဈေးကြီးသော ဈေးနှုန်းများက ဖန်တီးပေးထားသည့် အခွင့်အလမ်းများကို ရယူနိုင်ဖို့ ကြိုးပမ်းကြသည်။ 

 

Kirin ဝီစကီလုပ်ငန်းကဏ္ဍ အကြီးအကဲ အရက်မာစတာ Jota Tanaka က "ရည်မှန်းချက် ကြီးမားပြီး နည်းပညာပိုင်းဆိုင်ရာမှာလည်းကျွမ်းကျင်မှုရှိတဲ့ ဂျပန်အရက် ကုမ္ပဏီတချို့ရှိပါတယ်”ဟု ပြောကြားသည်။

 

ဂျပန် အရက် သမိုင်းကြောင်းတွင် ဂျပန်ဝီစကီများသည် စကော့ခ်ျဝီစကီကို အတုယူကာ ပြည်တွင်း‌သောက်သုံးရန်သာ အများစုက ထုတ်လုပ်ခဲ့ကြသည်။

ထိုသို့ ရှိရာမှ ၂၀၀၈ ခုနှစ် ဝန်းကျင်တွင် Suntory Holdings မှ အရက်များ၊ Asahi Group Holdings မှ ပိုင်ဆိုင်သည့် Nikka အမှတ်တံဆိပ် အရက်များသည် နိုင်ငံတကာ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြပြီး ဂျပန်အရက်များ ကမ္ဘာ့ဈေးကွက်ထဲမှာ ရေပန်းစားသည်။ သက်တမ်းရင့် အရက်များ လက်ကျန်ကုန်လုနီးပါးအထိ ရောင်းချခဲ့ရသည်။

 

ဂျပန်နိုင်ငံတွင် အထွတ်အမြတ်ထားသည့် ဖူဂျီတောင်ခြေမှ Fuji Gotemba Distillery အရက်ချက်စက်ရုံသည် Kirin ပိုင်ဆိုင်သည့် စက်ရုံဖြစ်ပြီး ယမန်နှစ်က နှစ်(၅၀)ပြည့် ရွှေရတုကို ဖြတ်သန်းခဲ့သည်။

ဂျပန်ဝီစကီလုပ်ငန်းများတွင် Suntory က ပထမနေရာ၊ Asahi က ဒုတိယနေရာတွင် ရပ်တည်နေပြီး Kirin က တတိယနေရာတွင် ရပ်တည်ပါသည်။

၎င်းလုပ်ငန်းကြီး ၃ ခုစလုံး ဘီယာ၊ အချိုရည်၊ ရေသန့်၊ စားသောက်ကုန်တို့ကိုလည်း လုပ်ကိုင်ကြသည်။ 

 

ယခုအခါ Kirin ၏ ပရီမီယံဝီစကီ Fuji အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ဝီစကီများတွင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံရပ်ခြားတွင် ရောင်းချနေပြီဖြစ်သည်။ ကုမ္ပဏီက ၅၀% အထိ မြှင့်တင်ရန် ရည်မှန်းထားသည်ဟု Tanaka က ပြောကြားသည်။ 

ပြည်ပရောင်းအား တိုးမြှင့်နိုင်ဖို့ လိုအပ်သည်။ ဂျပန်ပြည်တွင်းမှာ ဝီစကီ သောက်သုံးသည့် ပမာဏ လျော့ကျနေသည်။ လူဦးရေကလည်း လျော့ကျနေသည်။ 

Kirin အမှတ်တံဆိပ်ကို ဝီစကီသောက်သုံးသူများ အကြား လူသိများခြင်း မရှိပါ။ ဂျပန်ပြည်တွင်းမှာပင်လျှင် လူသိမများပါ။ သို့သော်ငြားလည်း Tanaka က ရောင်းအားမြင့်တက်နိုင်သည်ဟု ဆိုသည်။

 

"ကျွန်တော်တို့ရဲ့ အရက်တွေကို စမ်းသောက်ကြည့်ပြီး သဘောကျတဲ့သူတွေ ရှိနေရင် ရောင်းအားက အလိုလို မြင့်တက်လာမှာပါ" ဟု Tanaka က ပြောကြားသည်။

 

Source: Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 25 January 2024 15:12
Rate this item
(0 votes)