Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီယားစတိုင်လ် ၀က်သားကင်

ကိုရီးယားစတိုင်လ် ၀က်သားကင်ကို ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း 

မိသားစု (သို့မဟုတ်) သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ ၀က်သားကင်လေးဖြစ်ပါတယ်။

 

အောက်တွင် ကိုရီးယားစတိုင်လ် ၀က်သားကင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်သား၊ ဆလတ်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကိုရီးယားငရုတ်သီးအနှစ်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံးဝက်သားကို ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ကြိတ်စက်ဖြင့် ကြေညက်အောက် ကြိတ်ပေးပါ။

 

ပြီးလျှင် ဇလုံတစ်ခုထဲသို့ ၀က်သား နှင့် ကိတ်ထားသော သစ်တော်သီး၊ ငရုတ်သီးအနှစ်၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်တို့ကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ သမအောင် ရောနယ်ပြီ ရေခဲသေတ္တာထဲတွင် အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပေးပါ။

 

ပြီးနောက် မီးကင်ပြားကို ဆီအနည်းငယ်သုတ်၍ ၀က်သားများကို ကျက်သည်အထိ တစ်ဖက်လျှင် ငါးမိနစ်ကျော်သည်အထိ ကင်ပေးထားပါ။

 

ဝက်သားကင်များရပြီဆိုလျှင် ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီးတောင့်ရှည်၊ ကြက်သွန်ဖြူ ထည့်၍ ထုပ်ပြီးရင်တော့  ကိုရီးယားစတိုင်လ် ၀က်သားကင်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 11:37
Rate this item
(6 votes)