Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် အမဲသားကင်

ပိတ်ရက်တွေမှာ လွယ်လင့်တကူ လုပ်စားနိုင်တဲ့အပြင် အိမ်သား အားလုံးကြိုက်နှစ်သက်စေမယ့် ကိုရီးယားစတိုင် အမဲသားကင်ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ အမဲကုတ်သား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ သကြားညို၊ ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ ကီဝီသီး၊ ကိုရီးယားပဲပုပ်အနှစ်၊ ကြက်သွန်ဖြူ၊ ကိုရီးယားငရုတ်သီးအနှစ်၊ နှမ်းဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး အမဲသားကို သေချာရေစင်အောင် ဆေးကြောပါ။ ပြီးနောက် အမဲသားကို အပြားလိုက် လှီးထားပါ။

 

ပြီးလျှင် သကြားကို အမဲသားပြားအပေါ်  သေချာနှံ့အောင် တင်ပါ။ ပြီးနောက် ဆယ်မိနစ်ခန့် နှပ်ထားပါ။

 

Read More >>>>>  မန်ကျည်းသီး၏ အကျိုးကျေးဇူးများ

 

ပြီးလျှင် ဇလုံတစ်လုံးထဲသို့ ပဲငံပြာရည်၊  နှမ်းဆီ၊ ကြက်သွန်ဖြူ၊ သကြား၊ ဆန်ဝိုင်နှင့် ငရုတ်ကောင်းတို့ကို ထည့်ပြီး သေချာရောသမအောင် မွှေပါ။

 

ပြီးရင်တော့ အမဲသားကို ကီဝီသီးဖြင့် သေချာ လက်ဖြင့် နယ်ပါ။ နယ်ပြီး ဆယ်မိနစ်ခန့် ထပ်နှပ်ထားပါ။

 

ပြီးနောက် အမဲသား အသားနူးအိပြီး ထူးခြားသော အရသာကို ရရှိစေပါတယ်။ ကီဝီသီးအစား သင်္ဘောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ ဆန်းကစ် စသည့် အသီးများလည်း အသုံးပြုလို့ ရပါတယ်။

 

ပြီးရင်တော့ အသားကင်ရန်အတွက် ကင်မယ့် ဒယ်အိုးကို အပူပေးထားပါ။ ပြီးလျှင် အသားကို ပါးပါးလှီးထားတဲ့အတွက် အကြာကြီးနှပ်စရာမလိုဘဲ အပူပေးထားသော ဒယ်အိုးပေါ်တင်ပြီး ကင်ပါ။

 

အညိုရောင် သန်းလာသည်အထိ ကင်ပါ။ ပြီးလျှင် တစ်ဖက်လှန်ပေးပါ။

 

ပြီးရင်တော့ ဇလုံတစ်လုံးထဲ အကင်ဖြင့် တို့စားရန်အတွက် ပါဝင်ပစ္စည်းများဖြစ်တဲ့ ကိုရီးယားပဲပုပ်အနှစ်၊ ကြက်သွန်ဖြူ၊ ကိုရီးယားငရုတ်သီးအနှစ်၊ နှမ်းဆီ အားလုံးထည့်ပြီး သေချာ ခလောက်ပါ။

 

ပြီးလျှင် အိုးအသေးထဲ ထည့်ပြီး မီးအေးအေးဖြင့် ဆယ့်ငါးမိနစ်ခန့်တည်ထားပေးပါ။ ပြီးနောက် ခဏခဏမွှေပေးပါ။ အပေါ့အငန်မြည်းကြည့်ပြီး လိုအပ်တာ ထပ်ဖြည့်နိုင်ပါတယ်။ ပြီးလျှင်တော့ အသားကင်နှင့်အတူ တွဲစားလို့ရပါပြီ။

Read times Last modified on Thursday, 04 April 2019 11:16
Rate this item
(2 votes)