Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် ကင်ချီထမင်းကြော်

လွယ်လင့်တကူပြုလုပ်နိုင်တဲ့  ကိုရီးယားစတိုင် ကင်ချီထမင်းကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ရှမ်းဆန်၊ ကင်ချီ၊ ကြိတ်ထားတဲ့ကြက်သား၊ ကင်းမွန်ငံပြာရည်၊ ကြက်သွန်မြိတ်၊ နှမ်းစေ့၊ ငရုတ်အနှစ်၊ နှမ်းဆီ၊ ကြက်ဥ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကင်ချီကို ဆီဖြင့် ကြော်ထားပြီး မွှေပေးထားပါ။

 

ပြီးလျှင် ကြက်သားကြိတ်ထားတာကို ထည့်လိုက်ပါ။

 

ပြီးနောက် အသားများ ကျက်ပါက ရှမ်းဆန်ကို ထည့်ကြော်လိုက်ပါ။

 

ပြီးလျှင် ကင်းမွန်ငံပြာရည်၊ ငရုတ်အနှစ်တို့ကို ထည့်ပြီး ကြော်ပေးပါ။

 

Read More >>>>>  ကိုရီးယားစတိုင် ဝက်သားရေညှိလိပ်

 

ပြီးနောက် နှမ်းဆီမွှေး ထည့်လိုက်ပါ။

 

ပြီးလျှင် ကြက်ဥဟက်ဖရိုက်တစ်လုံးကို အပေါ်မှ တင်ပေးပါ။

 

ပြီးနောက် ကြက်သွန်မြိတ်လေးများနှင့် နှမ်းစေ့လေးများကို အပေါ်မှ အလှဆင်ပြီးရင်တော့ အရသာအရမ်းရှိတဲ့ ကင်ချီထမင်းကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 05 March 2019 15:56
Rate this item
(1 Vote)