Korea



ကင်မ်ချီ ပြည်ပတင်ပို့ ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်မားခဲ့

ကင်မ်ချီ ပြည်ပတင်ပို့ ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်မားခဲ့

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာတစ်ဝှမ်းတွင် ကိုရီးယား ရုပ်ရှင် ဂီတ ဖျော်ဖြေရေး ရေပန်းစားလာချိန်တွင် ကိုရီးယား နေ့စဉ်စား အစားအစာ ကင်မ်ချီလည်း ရေပန်းစားနေသည်။ ကိုရီးယားမှ ကင်မ်ချီပြည်ပတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် စံချိန်သစ်တင်ခဲ့သည်။

ကိုရီးယား အကောက်ခွန်ဌာနမှ ပြုစုထားသော အချက်အလက်များအရ ပြည်ပသို့ ဂေါ်ဖီအချဉ်ဖောက် ပြုလုပ်ထားသည့် ကင်မ်ချီ တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၇ ဒသမ ၁ ရာခိုင်နှုန်း ပိုများခဲ့ပြီး ၄၄,၀၄၁ တန် ရှိခဲ့ပါသည်။

 

ယခင် ပြည်ပတင်ပို့သည့် ပမာဏ အများဆုံး စံချိန်မှာ ၂၀၂၁ ခုနှစ်တွင် ၄၂,၅၅၄ တန် တင်ပို့ခဲ့သည်။ 

 

၂၀၂၃ ခုနှစ်တွင် ကင်မ်ချီ ပြည်ပတင်ပို့သည့် စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၁၅၅.၆ သန်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်ထက် ၁၀.၅% ပိုများခဲ့ပါသည်။

 

၂၀၂၃ ခုနှစ်တွင်  ဂျပန်နိုင်ငံသို့ ကင်မ်ချီ တန်ချိန် အများဆုံး တင်ပို့ခဲ့ပါသည်။ စုစုပေါင်း ၂၀၁၇၃ တန် တင်ပို့ခဲ့သည်။ 

ဒုတိယ အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ၁၀,၆၆၀ တန် တင်ပို့ခဲ့သည်။

နယ်သာလန်သို့ တတိယအများဆုံး တင်ပို့ခဲ့ပြီး ၁,၇၅၆ တန် တင်ပို့ခဲ့ပါသည်။ 

 

ကိုရီးယားသည် ကင်မ်ချီကို ပြည်ပသို့ တင်ပို့ခြင်းအပြင် ပြည်ပမှလည်း တင်သွင်းပါသည်။ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၆၃.၅ သန်း တင်ပို့ခဲ့သည်။

ကင်မ်ချီ အားလုံးနီးပါးကို  တရုတ်နိုင်ငံမှ တင်သွင်းပါသည်။ 

ပြည်တွင်းမှာ ထုတ်လုပ်မှုစရိတ် မြင့်မားသဖြင့် တရုတ်ပြည်မှာ ထုတ်လုပ်ပြီး တင်သွင်းပါသည်။

Source  Yonhapi 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 21 January 2024 14:50
Rate this item
(0 votes)