Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် ရေဘဝဲအစပ်ကြော်

အစပ်အရသာကြိုက်နှစ်သက်သူများအတွက် ကိုရီးယားစတိုင် ဟင်းချက်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ရေဘဝဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဂျုံမှုန့်၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပဲပင်ပေါက်၊ နှမ်းဆီ၊ ငရုတ်နှစ်၊  ပဲငံပြာရည်၊ သကြား၊ ပြောင်းဖူးမှုန့်၊ Rice Syrup တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ရေဘဝဲကို ကိုင်ပြီး သန့်စင်အောင် ဆေးကြောထားပါ။


ပြီးနောက် ခေါင်းကို ကပ်ကြေးနဲ့ ခွဲထုတ်လိုက်ပြီး အညစ်အကြေးတွေကို ဖယ်လိုက်ပါ။

 

ပြီးလျှင် ဇလုံအကြီးတစ်ခုထဲမှာ ရေဘဝဲကို ဂျုံမှုန့်နဲ့  နှစ်မိနစ်လောက် သေချာတိုက် ချွတ်ပေးပြီးရင်တော့ အချွဲတွေ ကုန်တဲ့ထိ ရေနဲ့ သေချာပြန်ဆေးပါ။

 

Read More >>>>> ရာသီဥတုနှင့် လုပ်သား ရှားပါးမှုကြောင့် လက်ဖက်အထွက်နှုန်း ၃ဝ ရာခိုင်နှုန်း ကျဆင်း

 

ပြီးရင်တော့ သန့်စင်ထားတဲ့ ရေဘဝဲအကောင်လိုက်ကို ရေနွေး ပွက်ပွက်ဆူတဲ့အထဲသို့ စက္ကန့်အနည်းငယ်ပြုတ်ပြီး အရွယ်တော် အပိုင်းလေးတွေ ပိုင်းထားပါ။ ဒီနေရာမှာ ရေဘဝဲအကြီးကြီးတွေ မရဘူးဆိုရင် အကောင်သေးလေးတွေ သုံးလို့လည်း ရပါတယ်။

 

ပြီးနောက် ပန်းကန်လုံး တစ်လုံးထဲမှာ ရေဘဝဲကြော်ဖို့ အနှစ် စပ်ပါမယ်။ အရင်ဆုံး ငရုတ်နှစ်၊ ပဲငံပြာရည်၊ သကြား၊ ပြောင်းဖူးမှုန့်၊ Rice syrup နဲ့ ငရုတ်ကောင်း အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ ပြီးလျှင် အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် ခဏ ဖယ်ထားလိုက်ပါ။

 

ပြီးရင်တော့ ရေဘဝဲ အစပ်ကြော်ဖို့ ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ချင်း၊ ငရုတ်သီးစိမ်း ထည့်ပြီး ဆီသတ်ပါ။

 

ပြီးနောက် အနံ့မွှေးလာပြီး ကြက်သွန်အရောင်ပြောင်းလာပြီဆိုရင် စပ်ထားတဲ့ ငရုတ်နှစ်နဲ့ ရေဘဝဲကို ထည့်ကြော်ပါ။

 

ပြီးနောက် သုံးမိနစ်လောက်ကြာရင် အနှစ်တွေနဲ့ ရေဘဝဲ သမသွားတာနဲ့ အနံ့ မွှေးအောင် နှမ်းဆီအနည်းငယ်ထည့်ပြီး အပေါ်ကနေ ပဲပင်ပေါက် အုပ်လိုက်ရင် ခပ်စပ်စပ်အရသာနဲ့ ခံတွင်း မြိန်စေမယ့် ကိုရီးယားစတိုင်ရေဘဝဲအစပ်ကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

 

Ref: maangchi

Read times Last modified on Thursday, 23 May 2019 14:01
Rate this item
(0 votes)