Korea
ကိုရီးယားထမင်းလိပ်
ဒီကနေ့တင်ပြမည့် အကြောင်းကတော့ ပိတ်ရက်အိမ်တွင် မိသားစုဆုံတုန်းလေး
ကိုယ်တိုင်ကိုယ်ကျ လုပ်စားနိုင်အောင် ကိုရီးယားထမင်းလိပ်ပြုလုပ်နည်းအကြောင်းကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ထမင်း၊ ရေညှိရွက်၊ မုန်လာဥနီ၊ သခွားသီး၊ ကြက်ဥ၊ ၀က်သား၊ ဟင်းနုနွယ်၊ မုန်လာဥဖြူဆားစိမ်၊ ဂဏန်းသား၊ ငါးအသားပြားတို့လိုအပ်ပါမယ်။
မုန်လာဥနီကို အမျှင်ခပ်ကြီးကြီးခြစ်ထားပါ။ သခွားသီးကိုလည်း ထိုနည်းတူစွာ အရှည်လိုက်လှီးထားပါ။ ဂဏန်းသားကို ထက်ခြမ်းခွဲစိတ်ထားရပါမယ်။
အရင်ဆုံး ထမင်းကို နှမ်းဆီ၊ နှမ်း၊ ဆားအနည်းငယ်နှင့် နယ်ထားပြီးအအေးခံထား
ပါ။ ၀က်သားကို ဆား၊ ငရုတ်ကောင်း၊ ကိုရီးယားပဲငံပြာရည်နှင့်နယ်ပြီး အရှည်လိုက်လှီးထားပါ။
ပြီးနောက် မုန်လာဥနီနှင့် သခွားသီးကို ဆီအနည
ကြက်ဥကိုခေါက်၍ အပြားလိုက်ဖြစ်အောင်ကြော်ပြီး အရှည်လိုက်လှီးထားပါ။ ပြီးနောက် ငါးအသားပြားလွှာကို မီးခပ်အေးအေးနဲ့အပူပေးပြီး အရှည်လိုက်လှီးဖြတ်ထားပါ။
ပာင်းနုနွယ်တွေကို ဆားထည့်ထားတဲ့ ရေနွေးဆ
နောက်ဆုံး ထမင်းလိပ်ရာတွင် အသုံးပြုသည့် ဝ
ရေညှိရွက်ပေါ်သို့ အအေးခံထားတဲ့ ထမင်းကိုဖြန့်ခင်းပေးပါ။ အရှည်လိုက်လှီးထားတဲ့ အရာများနှင့် ဟင်းနုနွယ်ကို သပ်သပ်ရပ်ရပ်စီရီထားပါ။
နောက်ဆုံး သပ်သပ်ရပ်ရပ်ဖြစ်ပြီဆိုရင် ပစ္စည်းအားလုံးကို ၀ါးရင်းလိပ်ကလေးနှင့် သေချာကျစ်နေအောင် လိပ်လိုက်ပါ။
ထမင်းလိပ်တွင် အစွန်းထွက်နေတဲ့ ရေညှိလေးတွေကို ညှပ်ပေးပါ။ ပြီးလျှင် ဓားထက်ထက်ဖြင့် လက်တစ်လုံးစာ အတုံးလေးတွေဖြတ်ပြီးလျှင် ပန်းကန်ထဲသို့ထည့်၍ ကိုရီးယားရေညှိလိပ်ကို အသင့်သုံးဆောင်နိုင်ပါတယ်။