Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ကြက်တောင်ပံ အစပ် ကြွပ်ကြော်

ကိုရီးယားအစားအစာကြိုက်နှစ်သက်သူများ ဆိုင်သို့သွားစားစရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့

ကိုရီးယားစတိုင်လ် ကြက်တောင်ပံအစပ်ကြွပ်ကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်တောင်ပံ၊ ခရုဆီ၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ကြက်သားမှုန့်၊ ဆား၊ သကြား၊ ငရုတ်သီးအနှစ်၊ ကြက်သွန်မြိတ်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် တုံးထားပါ။ ပြီးလျှင် ကြက်သားမှုန့်နှင့် ရောနယ်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲသို့ဆီထည့်ပြီး အပူပေးပါ။  ဆီအရမ်းမပူခင်ကြက်သားကိုထည့်၍ ကြွပ်သည်အထိကြော်ပါ။

 

ကြက်သားကျက်လျှင် ဆယ်၍ ဆီစစ်ထားပါ။

 

ပြီးလျှင်   ဒယ်အိုးထဲ ဆီအနေတော်လေးဖြင့် ကြက်သွန်ဖြူ၊ သကြား၊ ပဲငံပြာရည်၊ ခရုဆီ၊ ငရုတ်သီးအနှစ်တို့ကိုထည့်လိုက်ပါ။ အနှစ်ပွက်လာလျှင် ကြက်သားကိုထည့်လိုက်ပါ။

 

ပြီးရင်တော့ သမအောင်ရောမွှေပါ။ နောက်ဆုံးမှ ကြက်သွန်မြိတ်ကို လှီး၍ထည့်လိုက်ပါ။

 

ပြီးနောက် မီးဖိုပေါ်မှချ၍  ဒီအတိုင်းပဲစားစား၊ ထမင်းပူပူလေးနဲ့ပဲစားစား ကိုရီးယားစတိုင်လ် ကြက်တောင်ပံ အစပ် ကြွပ်ကြော်ကို  မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>> ကြက်သားနဲ့ ချဉ်ပေါင် သောက်ဆမ်း

 

Read times Last modified on Tuesday, 25 September 2018 09:03
Rate this item
(2 votes)