Korea
ကိုရီးယားတွင် ကျင်းပမည့် “ WORLD TEA EXPO 2023 HADONG” ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား
ကိုရီးယားတွင် ကျင်းပမည့် “HADONG WORLD TEA EXPO 2023” ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Hadong Sports Park ၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် World TEA Expo 2023 Hadong သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ပြသနိုင်ကြောင်း ဖိတ်ကြားလာသည်။
ပြပွဲ၌ ပါဝင်ပြသရန် ပြခန်း (၁) ခန်းအား အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
နိုင်ငံတကာမှ ကုမ္ပဏီ ၆၀ ခုမှ ပြခန်း (၁၀၀) ဖြင့် ပါဝင်ပြသမည်ဖြစ်ကာ လူဦးရေ ၁ သန်းကျော် လာရောက်ကြည့်ရှု မည်ဟု မျှော်မှန်းထားကြောင်းနှင့် ပြခန်းပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
အီးမေးလ် moctradefair@myantrade.gov.mm
ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃
သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိ ရသည်။
Source commerce
ပြပွဲ တရားဝင် ဝဘ်ဆိုက်
World Tea EXPO Hadong - 2023 하동세계차엑스포
https://www.hadongt.co.kr/teas/tea/expo/teaIndexEn
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U