Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ပူပြင်းနေတဲ့အချိန်မှာ အရသာရှိပြီး ရင်ကိုအေးမြစေမယ့် ကိုရီးယား ခေါက်ဆွဲအေး လုပ်စားရအောင်

နေ့အပူချိန်က အချိန်နဲ့အမျှ ပူလာတာနဲ့ အစာစားချင်စိတ် ပျောက်ခြင်း၊ ခံတွင်းပျက်ခြင်းကြောင့် ဘာစားရမလဲ တွေးနေသူများအတွက် ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ ခေါက်ဆွဲအေး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကိုရီးယား ပန်းဂျုံခေါက်ဆွဲ၊ ပန်းသစ်တော်ရည်၊ သခွားသီး၊ မုန်လာဥချဉ်၊ ကြက်ဥ၊ နှမ်း၊ ပန်းသီးရှာလကာရည်၊ အမဲသား၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ ဆား အနည်းငယ်တို့ လိုအပ်ပါတယ်။

 

ပထမဦးဆုံး အမဲသားကို ရေဆေးသန့်စင်ပြီး ရေနွေးပွက်ပွက်ဆူနေတဲ့အထဲသို့  မိနစ်အနည်းငယ်ခန့် ထည့်ပြုတ်ပါ။

 

ပြီးလျှင် အိုးထဲတွင် သွေးစ အညစ်အကြေးတွေ ထွက်လာပြီဆိုရင် ရေစစ်ပြီး သွန်လိုက်ပါ။

 

ပြီးနောက် ကျန် သန့်စင်ပြီးဖြစ်တဲ့ အမဲသားတွေကို နောက်ထပ် ထပ်ပြုတ်ဖို့ အိုးထဲ ရေထည့်၊ အမဲသားထည့်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းထည့်ပြီး ပြုတ်ရည် တည်ပါ။ အသားနူးဖို့ဆိုရင် တစ် နာရီလောက် တည်ရပါတယ်။

 

ပြီးနောက် အချိုရည်ထွက်လာပြီဆိုရင် အမဲသားကိုသပ်သပ်၊ အရည်သပ်သပ်စစ်ထုတ်လိုက်ပါ။ နာရီဝက်လောက် အအေးခံပြီးရင် အသားတွေကို အနေတော်လေးတွေဖြစ်အောင် လွှာထားပါ။ အအေးခံထားတဲ့ အမဲသားပြုတ်ရည်တွေထဲကို အချဉ်ဖောက်ထားတဲ့ မုန်လာဥဖြူအရည်ထည့်၊ ရှာလကာရည်၊ ပန်းသစ်တော်သီးအရည်၊ ဆား၊ သကြားအနည်းငယ် ထည့်ပါ။ အားလုံးကိုရောမွှေပြီး အရသာကို စိတ်ကြိုက်ပြင်ဆင်ပါ။

 

Read More >>>>>> နေပူပူမှာ ရင်ကိုအေးငြိမ်းစေတဲ့ မန်ကျည်းဖျော်ရည်  

 

ပြီးလျှင် ကိုယ့်စိတ်ကြိုက်အရသာရပြီဆိုရင် အလုံပိတ်ဘူးထဲ ထည့်ပြီး ရေခဲသေတ္တာထဲ သုံး၊ လေး နာရီခန့် ထည့်ထားပါ။

 

ပြီးနောက် ပန်းဂျုံခေါက်ဆွဲခြောက် ပြုတ်ဖို့ ရေနွေးတည်ပါ။ ရေပွက်ပွက်ဆူလာရင် ခေါက်ဆွဲခြောက်ထည့်ပြုတ်ပါ။ နှစ်သက်တဲ့ အနေထားရပြီဆို ရေအေးအေးနဲ့ဆေးချပြီး ခေါက်ဆွဲပေါ် ရေခဲတုံးတွေထည့်၍ အအေးခံပါ။

 

ပြီးလျှင် အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ စားဖို့ပြင်ဆင်ရပါတော့မယ်။ အအေးခံထားတဲ့ ပြုတ်ရည်တွေကို တစ်ယောက်စာ ခေါက်ဆွဲပြင်ထားတဲ့ ပန်းကန်လုံးထဲထည့်လိုက်ပါ။ ခေါက်ဆွဲပေါ်ကနေ ပါးပါးလှီးထားတဲ့ သခွားသီး၊ အမဲသား၊ မုန်လာဥချဉ်၊ ပန်းသစ်တော်ရည်နဲ့ ကြက်ဥပြုတ်ကို အခွံခွာ ထက်ခြမ်းခြမ်းတင်ပြီး အပေါ်ယံ နှမ်းဖြူးလိုက်ရုံနဲ့ အရသာရှိပြီး ရင်အေးစေမယ့် ကိုရီးယား ခေါက်ဆွဲအေးအေးလေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Ref: My Korean Kitchen

Read times Last modified on Wednesday, 24 April 2019 10:34
Rate this item
(1 Vote)