Korea
ကိုရီးယားအစားအစာ သက်သတ်လွတ် ကင်မ်ချီ
ဝါတွင်းတွင် အသားဟင်း မစားတဲ့သူတွေအတွက် အရမ်းကောင်းတဲ့ ကင်မ်ချီလေးဖြစ်ပါတယ်။ သက်သတ်လွတ် ကင်မ်ချီကို လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့
နည်းလမ်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ မုန်ညင်းဖြူထုပ်၊ ဆား၊ သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ သကြား၊ ဗီနီကာ၊ ငရုတ်သီးအရောင်တင်မှုန့် တို့လိုအပ်ပါမယ်။
ပထမဦးဆုံး မုန်ညင်းဖြူထုပ်ကို လိုသလောက်လှီးပြီး ဆားရည်မှာ သုံးနာရီလောက် စိမ်ပေးထားပါ။
ပြီးလျှင် သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့ကို ရေဆေးပြီး အနေတော်လှီးပေး ထားပါ။
ပြီးနောက် ဆားရည်စိမ်ထားသော မုန့်ညင်းဖြူ များနွမ်းလာလျှင် မုန်ညင်းဖြူရွက်များကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ ဆား၊ သကြား၊ ဗီနီကာနှင့် ငရုတ်သီးအရောင်တင်မှုန့် တို့ကို ဇလုံတစ်လုံးထဲမှာ
အားလုံးကိုရောပြီး ထည့်လိုက်ပါ။
အားလုံးကိုအရသာဝင်အောင် ရောနယ်ပြီး လေလုံဗူးထဲ ထည့်ကာ နှစ်ရက်လောက်အပြင်မှာ ထားပြီးနောက်ပိုင်း ရေခဲသေတ္တာထဲမှာ ထားကာ
တာရှည် စားသုံးလို့ရပါတယ်။
သက်သတ်လွတ်ကင်မ်ချီကို ထမင်းပူပူလေးနဲ့ စားနိုင်သလို ထမင်းကြော် ပူပူလေးနဲ့လည်း သုံးဆောင်နိုင်ပါတယ်။
တစ်ခါတလေ ခေါက်ဆွဲပြုတ်လေးနဲ့ စားရတာကိုနှစ်သက်တဲ့သူတွေအတွက်လည်း စားလို့ကောင်းတဲ့ ကင်မ်ချီလေးဖြစ်ပါတယ်။