Korea
ကိုရီးယားစတိုင် ရေညှိ ပဲကြာဆံလိပ်ကြော်
ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကိုရီးယားစတိုင် ရေညှိ ပဲကြာဆံလိပ်ကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေညှိ၊ ပဲကြာဆံ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ဂျုံမှုန့်၊ ပြောင်းဖူးကော်မှုန့်၊ ဆား၊ ငရုတ်ပွ တို့ လိုအပ်ပါတယ်။
ပထမဆုံး မုန်လာဥနီနဲ့ ကြက်သွန်မြိတ်၊ ငရုတ်ပွကို အချောင်းလေးတွေ ဖြစ်အောင် ပါးပါးလှီးထားပါ။
ပြီးလျှင် ပဲကြာဆံကို ရေစိမ်ထားပါ။ ပြီးနောက် ဒယ်အိုးထဲသို့ဆီထည့်ပြီး ဆီပူလာလျှင် အသီးအရွက်တွေကို ပဲငံပြာရည် အနည်းငယ် ထည့်ပြီး နွမ်းသွားအောင် ကြော်ပါ။
ပြီးနောက် စိမ်ထားတဲ့ ပဲကြာဆံကို ထည့်ကြော်ပါ။
Read More >>>>> ကြာစွယ် စားပေးခြင်း၏ အကျိုးကျေးဇူးများ
ပြီးလျှင် ရေညှိရွက်ကို အပိုင်း နှစ်ပိုင်း ပိုင်းလိုက်ပါ။
ပြီးနောက် တစ်ပိုင်းချင်းစီမှာ ကြော်ထားတဲ့ အသီးအရွက်နဲ့ ပဲကြာဆံကို အနေတော်ထည့်ပြီး လိပ်လိုက်ပါ။
ပြီးလျှင် ရေညှိရွက်ထိပ်ဖျားကို ရေဆွတ်လျှင် လိပ်လို့ ပိုကောင်းပါတယ်။
ပြီးနောက် ဂျုံမှုန့်နဲ့ ပြောင်းဖူးကော်မှုန့်ကို ရေအနည်းငယ်နဲ့ ပျစ်အောင်ဖျော်ထားပါ။
ပြီးလျှင် လိပ်ထားတဲ့ ရေညှိလိပ်တွေကို ဖျော်ထားတဲ့ အရည်ထဲနှစ်ပြီး ဆီပူပူထဲသို့ ထည့်ကြော်လိုက်ပါ။
ပြီးနောက် အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပေးပါ။ အကြွပ်ကြိုက်ရင်တော့ ကြွပ်အောင်ထပ်ကြော်ပေးပါ။
ပြီးရင်တော့ ကိုရီးယားစတိုင် ရေညှိပဲကြာဆံလိပ်ကြော်လေးကို အချဉ်ရည်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။